အခန်း(၁၂၄၆)

151 26 2
                                    

အခန်း(၁၂၄၆)

အထင်ကြီးလောက်စရာခွန်အား။








ရူအာမှ ဘာကိုရွေးမည်လဲ။

Han  Yunxi မှာ သူက အဆိပ်ဖြေအပ်များကို ကောက်ယူမည်ဟု လောင်းကြေးထပ်ခဲ့စဥ် Long Feiye မှာ အဖိုးတန်ဓားတစ်ချောင်းကို ခန့်မှန်းနေသည်။ အရှုံးသမားမှာ အနိုင်ရသူမှ ချက်ထားသော ခေါက်ဆွဲကို စားရမည်ပင်။

Gu Beiyue မှာ ရူအာမှ တံဆိပ်တုံးကို ယူမည်ဟု လောင်းကြေးထပ်ခဲ့ပြီး Gu Qishao မှာ သူက ပေသီးတစ်လုံးရွေးရန် ဆုံးဖြတ်ခဲ့သည်။ အရှုံးသမားမှာ အောင်နိုင်သူ၏ အစေခံအဖြစ် တစ်နေ့တာဆောင်ရွက်ရလိမ့်မည်။

Tang Li မှာ ရူအာမှ ဂန္တဝင်ကျမ်းဂန်များ အတွဲများထံ သွားမည်ဟု တွေးကာ Ning Jing မှာ သူက ဒင်္ဂါးပြားများကို ပိုနှစ်သက်မည်ဟု အဖြေထုတ်ထားသည်။  အနိုင်သည့် မည်သူမဆို သူတို့၏ ငွေကြေးကို ထိန်းချုပ်နိုင်လိမ့်မည်။

ရူအာမှာ သူ့အပေါ်၌ တစ်ချိန်တည်းတွင် အလောင်းအစား (၃) ခုမှ  လည်ပတ်နေမည်ကို မသိခဲ့ပေ။ သူက ထိုနေရာတွင် အချိန်အတော်ကြာအောင် စေ့စေ့စပ်စပ်တွေးကာ ရပ်နေခဲ့သည်။ ရွေးချယ်စရာများစွာဖြင့် ရင်ဆိုင်ရသည်မှာ အမှန်တကယ်ပင် ခက်ခဲလှသည်။ သူက မတူညီသော အရာများစွာကို လိုချင်သော်လည်း တစ်ခုတည်းကိုသာ ရွေးချယ်နိုင်သည်။ သူ၏ လက်ချောင်းများကို ဆုပ်လိုက်ပြီး ဝေခွဲမရ ဖြစ်နေမှုများ ကြီးထွားလာကာ မှူးမတ်များ၏ တင်းမာမှုမှာလည်း တိုးလာသည်။ လက်ဆောင်များ ပေးပြီးနောက် စားပွဲပြီးဆုံးသွားပြီ ဖြစ်ကာ ​ဤရွေးချယ်ပွဲ အဆုံးသတ်လျှင် အားလုံးပြီးသွားမည် မဟုတ်လား။ ဧည့်သည် ၈၀ ရာခိုင်နှုန်းမှာ ပွဲကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ပြီးစေချင်နေကြသည်။ ပွဲပြီးသွားသမျှ ကာလပတ်လုံး ဧကရာဇ်နှင့် ဧကရီမှာ သူတို့၏ သိက္ခာချခြင်း သို့မဟုတ် ပြစ်ဒဏ်ပေးခြင်းအတွက် နောက်သို့ လိုက်တော့မည်မဟုတ်ကြောင်း အမှန်တကယ် ယုံကြည်နိုင်လိမ့်မည်။

နောက်ဆုံးတွင် ရူအာမှာ သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။

မျှော်လင့်ချက် တောက်ပလာသည်ကို တွေ့လိုက်ရလျှင် လူအုပ်ကြီးမှာ စိတ်သက်သာရာ ရသွားကာ အသက်ရှူထုတ် လိုက်ကြသည်။ Long Feiye ၊ Han Yunxi နှင့် ကျန်သူများ အားလုံးမှာ တင်းမာနေပြီး သူတို့၏ အလောင်းအစား ရလဒ်ကို စောင့်မျှော်နေကြသည်။ တိတ်ဆိတ်နေသော ခန်းမထဲတွင်မျက်လုံးများ အားလုံးမှာ ရူအာအပေါ် ကျရောက်နေပြီး  သူက လက်ချောင်းများကို ကွေးလိုက်ကာ တံဆိပ်တုံးကို ကောက်ကိုင်လိုက်သည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now