အခန်း(၁၃၁၅)

106 18 0
                                    

အခန်း(၁၃၁၅)

စစ်ပွဲပညာရပ်။







Shaoyao မှာ Qin Min မှ လူတိုင်းဖြင့် အတူစားချင်ကြောင်း သတင်း ဖြန့်လိုက်သည့်အတွက် ပင်မအိမ်တော်နှင့် ဒုတိယဦးလေး၏ အိမ်တော်များမှာ တင်းမာလာကြသည်။ အလုပ်ကိစ္စအတွက် အပြင်ထွက်ရန် စီစဉ်နေသူအနည်းငယ်မှပင် ညနေခင်း မိသားစုစားပွဲကြီးကို လက်လွတ်မခံဝံ့သဖြင့် အစီအစဉ်များကို ချက်ချင်းဖျက်သိမ်းလိုက်ကြသည်။ သို့သော် မထင်မှတ်ပဲ လူတိုင်းမှ ထိုင်ပြီးစတွင်ပင် အိမ်တွင် လုံးဝမရှိခဲ့သော ဒုတိယသခင်ကြီးချင်မှာ ရုတ်တရက် ပေါ်လာလေသည်။

"ဟားဟား၊ အစ်ကိုကြီးက ထောင်က လွတ်လာမယ်လို့ ငါက ထင်နေတာ။ ဒါပေမယ့် အဲဒါ သင်တန်းကျောင်း သခင်မဘဲ။"  ဒုတိယသခင်ကြီးချင်မှာ ရွဲ့စောင်းနေသော လေသံဖြင့် ပြောလိုက်သည်။ သူက Qin Min  အပေါ် ကြောက်ရွံ့မှုအချို့ရှိသော်လည်း အိမ်တွင်းရေးတိုက်ပွဲတွင် သူမ၏ မောင်ငယ်အား အာဏာအတွက် တိုက်ခိုက်ရန် ကူညီပေးနိုင်မည်ဟု တွေးလိုက်သည်နှင့် စိတ်မ၀င်စားနိုင်တော့ပေ။ မည်သို့ပင်ဖြစ်စေ သူက မိသားစု အကြီးအကဲ အဆင့်အတန်းကို မဆုံးရှုံးချင်ပေ။ သူမကဲ့သို့ အိမ်ထောင်ရှင်အမျိုးသမီးမှာ အိမ်တွင် တစ်စုံတစ်ရာ လုပ်ဆောင်နိုင်ကြောင်း သူက ယုံရန် ငြင်းရလိမ့်မည်။ အကယ်၍ သူမက သင်တန်းကျောင်း သခင်မ ဖြစ်နေလျှင်တောင် ဘာဖြစ်မည်လဲ။ Gu Beiyue ကိုယ်တိုင်မှ ဤနေရာတွင် ရှိနေလျှင်တောင် ချင်မိသားစုကိစ္စများတွင် ဝင်စွက်ဖက်၍ မရနိုင်ပေ။

အဆင့်အတန်းအရဆိုလျှင် Qin Min မှာ အမြင့်ဆုံးဖြစ်သည်။ သို့ရာတွင် ဝါစဥ်ဖြင့် ပတ်သက်သော ကိစ္စများတွင် သူက ထိပ်ဆုံးပင်။ ဒုတိယသခင်ကြီးချင်မှ ဝင်လာသောအခါတွင် Qin Min မှ လွဲ၍ လူတိုင်းမှာ သူ့ကို နှုတ်ဆက်ရန် မတ်တတ်ရပ်လိုက်ကြကာ မှတ်ချက်ပေးလိုက်သည်။ "ဒုတိယဦးလေး၊ မင်းအာက မလှုပ်နိုင်လို့ အပြစ်မယူပါနဲ့။"

ဒုတိယ သခင်ကြီးချင်မှာ မထိမဲ့မြင်ဖြင့် ပြန်ဖြေလာသည်။ “ကိစ္စမရှိဘူး။”

Shaoyao မှာ အလွန်ဒေါသထွက်ကာ ခြေထောက်ကို ဆောင့်လိုက်သော်လည်း ချင်နယ်မြေတွင် ရိုင်းရိုင်းစိုင်းစိုင်း မပြုမူနိုင်ခဲ့ပေ။ သူမသည်လည်း ဤအိမ်တွင် ကြီးပြင်းလာကာ သူတို့၏ဓလေ့ထုံးစံအပြင် ဒုတိယသခင်ကြီးချင် စိတ်သဘောထားကို သိနေသည်။ Qin Min မှာ ပြုံးရုံသာ ပြုံးပြီး မည်သည့်စကားမှ မပြောချေ။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now