အခန်း(၁၃၃၁)

120 19 4
                                    

အခန်း(၁၃၃၁)

ထွက်ခွာခြင်း။





Gu Beiyue မှာ သူ၏ အခြေအနေကို ရှင်းရှင်းလင်းလင်း သိထားပြီး သူမ၏ အပ်စိုက်နည်းပညာများက သူ့ကို ကယ်တင်နိုင်မည် မဟုတ်ကြောင်း နားလည်ထားသည်။  Qin Min မှာ ရုတ်တရက် အရူးလုပ်ခံရသကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏ အပ်စိုက်ကုသခြင်းစွမ်းရည်မှာ ထူးချွန်ပြောင်မြောက်သော်လည်း Gu Beiyue ကို ဘယ်လိုအနိုင်ယူနိုင်မလဲ။ သူက တိမ်တိုက်ကုန်းမြေကြီး တစ်ခုလုံးတွင်  တစ်ယောက်တည်းသော နဝမအဆင့် အာဏာပိုင် သမားတော်ဖြစ်ပြီး နယ်ပယ်တွင် ထိပ်တန်းဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုရှိသူပင်။ သူကိုယ်တိုင်တောင် မဖြေရှင်းနိုင်သည်များကို သူမ ဘယ်လို စီမံနိုင်မည်လဲ။

ထိုငါးနှစ် သဘောတူညီချက်နှင့် သူတို့၏ နှစ်နှစ်ကြာ သရုပ်ဆောင်မှုများမှာ သူမအား အတွေ့အကြုံနှင့် အမှန်တရားကို ကိုယ်တိုင် မြင်အောင်ပြုလုပ်ရန် သူ၏ ရည်ရွယ်ချက်များမှ တစ်စိတ်တစ်ပိုင်းသာဖြစ်ကာ သူမကို လက်လျှော့လိုက်ရန် နားချနိုင်ရန်ပင်။ Qin Min  မှာ Gu Beiyue ၏ ဖြူဖျော့ကာ နူးညံ့သိမ်မွေ့သောမျက်နှာကို ကြည့်ရင်း လွန်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း မည်သို့ အတူတကွ ဖြတ်သန်းနိုင်ခဲ့ကြောင်း မယုံနိုင်ဖြစ်နေသည်။ သူမ၏ နှုတ်ခမ်းများကို တင်းတင်းကြပ်ကြပ် စေ့ထားရင်း သွေးစွန်းနေသော လက်ကိုင်ပုဝါကို သူမ၏လက်များက ဆုပ်ကိုင်ထားသည်။ သူမ ယခုအခိုက်အတန့်တွင် သူ၏ ရင်ခွင်ထဲသို့ လှဲချကာ မည်မျှ ငိုချင်နေသည်ကို မည်သူမှ မသိနိုင်ပေ။

သို့ရာတွင် သူမ မလုပ်နိုင်ပေ။ သူမ မလုပ်ခဲ့ပေ။

"နှစ်သက်သဘောကျ " ခြင်းမှာ ထိန်းချုပ်၍ မရနိုင်သော်လည်း " ချစ်ခြင်းမေတ္တာ " ကိုတော့ ချုပ်တည်းထားနိုင်သည်။

" နှစ်သက်သဘောကျ " ခြင်းမှာ အခြားသူကို အနှောင့်အယှက် ပေးတတ်သော်လည်း "ချစ်ခြင်းမေတ္တာ " တော့ မဟုတ်ပေ။

သူမ ရိုးရှင်းစွာ ပြောလိုက်သည်။ “အေးအေးဆေးဆေး အနားယူပါ။ အပြင်မှာ ဆေးပညာသင်တစ်ယောက်ကို စောင့်ခိုင်းထားမယ်။  တစ်ခုခုဖြစ်ရင် ချက်ချင်း ခေါ်လိုက်ပါ။” ထို့နောက် သူမက တုံ့ဆိုင်းမနေတော့ပဲ ထွက်လာလိုက်သည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now