အခန်း(၁၃၀၈)

113 17 0
                                    

အခန်း(၁၃၀၈)

သူမ ကယ်တင်မယ်။







ချင်အိမ်တော် တံခါးဝတွင် လူများ ဝိုင်းရံထားပြီး ရှေ့သုံးတန်းတွင် အားလုံး တိတ်ဆိတ်စွာ ထိုင်ကာ ဆန္ဒပြနေကြသည်။ အားလုံးမှာ ဆေးမြို့တော်၏  ဆေးဘက်ဆိုင်ရာအဆင့် အမျိုးမျိုးဖြင့် လူငယ် သမားတော်များဖြစ်သည်။ သူတို့၏ နောက်တွင် သာမာန်အဆင့်ရှိ သမားတော်များနှင့် ဆွေမျိုးများကို မြို့တော်တွင် ဆေးကုသရန် ပို့ဆောင်ပေးသော မိသားစုများ အပါအဝင် လူလေးငါး တန်းစီ ရှိကြသည်။ သူတို့က မရပ်မနား ပြောဆိုနေကြပြီး ညီညာသော ကြွေးကြော်သံများပင် အခါအားလျော်စွာ ရွတ်ဆိုနေကြသည်။ ပထမတွင် သူတို့က ချင်မျိုးနွယ်ခေါင်းဆောင်ကို ရှုတ်ချနေကြသော်လည်း မကြာခင် ချင်မိသားစုတစ်ခုလုံးနှင့် ၎င်း၏ နာမည်ကျော် သမားတော်တချို့ကို ကျိန်ဆဲလာကြသည်။

Qin Min မှာ နွေရာသီဝတ် ပေါ့ပါးပြီး လတ်ဆတ်ကာ ရိုးရှင်းသော ငန်းဝါရောင် ၀တ်စုံကို ဝတ်ဆင်ထားသည်။ Shaoyao မှာ သူမ၏ဘီးတပ်ကုလားထိုင်ပေါ်ကို လမ်းကြားမှ တွန်းလာသောကြောင့် လူအများစုမှာ သူမကို သတိမထားမိခဲ့ကြပေ။ အကယ်၍ သတိထားမိလျှင်တောင် သူမ၏ အလှကို မှတ်ချက်ပြုကာ  ဒုက္ခိတတစ်ယောက်ဟု ညည်းတွားကြလိမ့်မည်။ ဆေးမြို့တော်၏ အကြီးဆုံးသခင်မလေးချင်မှာ မသန်စွမ်းဖြစ်ကြောင်း အားလုံးသိကြသည့်တိုင် ပန်းတစ်ပွင့်လို လှပကြောင်းတော့  အနည်းငယ်သာ သိကြသည်။

Shaoyao မှာ ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို ကြောက်ရွံ့ပြီး ရပ်သွားတော့သည်။ "သခင်မ၊ ဆရာ အစောင့်နှစ်ယောက် သွားကြရအောင်၊ သူတို့က ဟန်လုပ်လာကြရင် ဘယ်လိုလုပ်မလဲ..."

"ငါ့အိမ်တံခါးဝမှာ အနိုင်ကျင့်ခံရမှာလား။" Qin Min မှာ ဖြတ်ပြောလိုက်သည်။ "မင်းနောက်နေတာလား။"

Shaoyao မှာ သူမ၏ နှုတ်ခမ်းများကို ဖိကာ တိတ်ဆိတ်သွားတော့သည်။ သူမက ယွင်ကျိုး မှ ယွင်နင်းအထိ သခင်မ၏ နောက်သို့ လိုက်လာသော်လည်း သခင်မမှာ သူမအား စကားများလွန်းသည်ဟု ထင်ကာ ယွင်နင်းတွင် ထားခဲ့ပြီး သခင်နှင့်အတူ မြောက်ဘက်သို့ ထွက်ခွာသွားခဲ့သည်။ ခရီးတွင် နှစ်ယောက်ကြား တစ်စုံတစ်ရာဖြစ်ခဲ့လေသလား သူမ သိချင်နေသည်။ အသေအချာပင် သခင်မမှာ မပျော်မရွှင်ဖြစ်ကာ သူမကို ယွင်ကျိုးသို့ ပြန်ပို့မည်အား စိုးရိမ်ကာ မမေးဝံ့ပေ။ သခင်မမှ သူမအား ဆေးမြို့တော်သို့ ခေါ်ဆောင်ရန် ဆန္ဒရှိမလာပြမီ ကြာမြင့်စွာ တောင်းပန်ခဲ့ရသည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now