အခန်း(၁၂၅၀)

126 18 0
                                    

အခန်း(၁၂၅၀)

ဒုတိယအဆင့် ထိုင်ခုံ။





Long Feiye ၏ ရယ်သံကြောင့် Xiao An မှာ အလွန်အမင်း ကျေနပ်သွားတော့သည်။ သူက မှန်ကန်သောရွေးချယ်မှုတစ်ခုကို ပြုလုပ်ခဲ့ကြောင်း သေချာနေပြီး ဖြစ်နိုင်ချေရှိသော အမြင့်ဆုံးရာထူးကို အပ်နှင်းခံရမည်ဟု မျှော်လင့်နေသည်။

“ဘယ်သူမှ လေလံမဆွဲတော့တဲ့အတွက် ကျန်း(ကိုယ်တော်) က အမှတ်၇ လက်ဖက်ရည်အိမ် ကို တင်းကောကုန်းဆီ လေလံတင်ရောင်းချလိုက်ပြီဆိုတဲ့ကြောင်း ကြေညာတယ်။ ရရှိငွေအားလုံးကို မြောက်ဘက်က သဘာဝဘေးသင့်ဒေသတွေကို လှူဒါန်းသွားမှာဖြစ်တယ်။ တစ်စုံတစ်ယောက်လာ သူ့ကို စာရွက်စာတမ်း ပေးလိုက်။”

Xiao An မှာ အလျင်အမြန် ပြောလိုက်သည်။ "အရှင်မင်းမြတ်၊ ဒီလက်အောက်ငယ်သားက မြောက်ပိုင်းလီ ဒုက္ခသည်တွေ အတွက် အားနည်းတဲ့ အားထုတ်မှုကို ပေးကမ်းချင်ရုံပဲ ဖြစ်ပါတယ်။ အမှတ်၇ လက်ဖက်ရည်အိမ်က အိမ်ရှေ့စံအတွက် မင်းသားယွီရဲ့ မွေးနေ့လက်ဆောင် ဖြစ်တာကြောင့် ကျွန်တော်က မမက်မောဝံ့ပါဘူး။”

ပြောရင်းဆိုရင်း Xiao An မှာ စာရွက်စာတမ်းများကိုယူကာ အိမ်ရှေ့စံထံ ကိုယ်တိုင် ဆက်သလိုက်သည်။ ရူအာလေးမှာ သူ၏ ခမည်းတော် ထို့နောက်တွင် သူ၏ မယ်တော်နှင့် နောက်ဆုံးတွင် ဆရာဖြစ်သူ Gu Beiyue ထံ စကားတစ်ခွန်းမှ မပြောပဲ ကြည့်လိုက်သည်။ Long Feiye နှင့် Han Yunxi တို့မှာ စကားမပြောပဲ Gu Beiyue မှသာ သူ့ကို ပြုံးပြလိုက်သည်။

“အိမ်ရှေ့စံ၊ ဒါက ရှောင်မျိုးနွယ် ရဲ့ ရိုးသားမှုသင်္ကေတတစ်ခုပါ။  အိမ်ရှေ့စံကက လက်ခံဖို့ သဘောတူလိမ့်မယ်လို့ မျှော်လင့်ပါတယ်။” Xiao An မှ လေးစားစွာ ပြောလိုက်သည်။

ရူအာလေးမှာ သူ့ကို အတွေးနက်နေသကဲ့သို့ ပြင်းထန်စွာ ကြည့်နေသည် ။ Xiao An မှာ စိတ်ရှည်လက်ရှည် ကိုင်းညွတ်ပြီး စောင့်ဆိုင်းနေသည်။ အများစုမှာ ရှောင်မျိုးနွယ် ၏ စည်းစိမ်ဥစ္စာကို စိတ်နှလုံးထဲတွင် သက်ပြင်းချရင်း လူတိုင်းမှာ စောင့်ကြည့်နေကြသည်။ မဟာချင်၏ နိုင်ငံတော်ဘဏ္ဍာငွေမှာ အလွန်ဆင်းရဲနေသည့်တိုင် ရှောင်မျိုးနွယ်မှာ ချမ်းသာကြွယ်ဝစွာ ရှိနေသေးသည်။ ရှောင်မျိုးနွယ်ခေါင်းဆောင်မှာ အနည်းငယ် လွန်သွားပြီ မဟုတ်လော။ ထို့အပြင် အိမ်ရှေ့စံ၏ အထင်အမြင်ကောင်းများ ရရှိရန် ရှောင်မျိုးနွယ်၏ ကြိုးပမ်းအားထုတ်မှုကို သက်ပြင်းချနေကြသည်။ တောင်ပိုင်းအင်အားစုများအားလုံးမှ ဧကရီနှင့် ကြင်ယာတော်ရာထူးကို မက်မောနေကြသည်ကို လူတိုင်း သိနေသည်။ သို့သော် ရှောင်မျိုးနွယ်ခေါင်းဆောင်မှာ အိမ်ရှေ့စံ၏ မွေးနေ့ပွဲ၌ သူ၏လက်ဆောင်ကို အမှန်တကယ် ကမ်းလှမ်းခဲ့သည်။ သူက အသက်ကြီးလာပြီလား။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now