အခန်း(၁၂၈၁)

121 19 0
                                    

အခန်း(၁၂၈၁)

ဂရုမစိုက်ဘူး။





Long Feiye ၏ မျက်နှာပေါ်ရှိ ဒေါသကို လူတိုင်းမှ အဖြေမထုတ်နိုင်မီ ချောမောပြီး ပျော့ညံ့ဟန်ရှိသော ယောကျာ်းလေးမှာ အမှန်တကယ်ပင် သူ၏ ရှေ့သို့ ကျေနပ်စေရန် ပြေးသွားလေသည်… ။

"လူကြီးမင်းယဲ့.. စိတ်မဆိုးပါနဲ့။ တကယ်လို့ ဘဏ္ဍာထိန်း Cao က တစ်ခုခုမှားနေရင် ကျွန်တော်က အလျော်ပေးပါ့မယ်။" ထိုသူမှာ ဝိုင်အနည်းအား ယူကာ မသောက်ခင် ပြောလိုက်သည်။ သူက တစ်ကျိုက်တည်း သောက်လိုက်ပြီး ခွက်အလွတ်ကို Long Feiye ထံ ပြသကာ ချစ်စရာကောင်းသည့် အသွင်အပြင်ပင်ကို ပေးလိုက်လေသည်။ “လူကြီးမင်းယဲ့၊ ဒီမှာ ပထမခွက်။"

မကြာခင် သူက ဒုတိယခွက်ကို လောင်းထည့်ပြီး သစ်ခွလက်ချောင်းများဖြင့် ကောက်ကိုင်လိုက်သည်။ ခွက်နှုတ်ခမ်းသားမှ သူ၏နှုတ်ခမ်းသို့ ရောက်သွားချိန်တွင် သူ၏ လက်ချောင်းများမှာ မျက်လုံးများကို ပိတ်ဆို့ထားသည့်တိုင် Long  Feiye ထံ ရှက်ရွံ့စွာ မိန်းမောကြည့်နေဆဲ ဖြစ်သည်။

Long Feiye ၏ မျက်နှာပေါ်ရှိ အမူအရာမှာ အမှန်ပင် ဖော်ပြ၍ မရနိုင်ပေ။ Han  Yunxi မှာ ရယ်မောရင်း ဘေးမှ ကြည့်နေလေသည်။ သို့ရာတွင် ထိုအမျိုးသားများမှာ အထင်လွဲပြီး သူတို့၏ဖြစ်တည်မှုကို Long Feiye မှ ဒေါသထွက်နေမှန်း မသိသေးချေ။ ထိုအမျိုးသားမှ ဘဏ္ဍာထိန်း Cao ကို မနှစ်သက်ဟုသာ သူက ထင်မြင်နေသည်။ ဒုတိယခွက်ပြီးသွားလျှင် အမှန်တကယ်ပင် သူက Long Feiye ၏ ခွက်ကိုယူ၍ ဝိုင်ဖြင့်ဖြည့်လိုက်သည်။ ထို့နောက် သူ့ကို စိုက်ကြည့်ရင်း ဖြည်းညင်းစွာ မော့လိုက်သည်။

Long Feiye မှာ တစ်ယောက်ယောက်ကို ကန်ထုတ်ရန် အဆင်သင့်ဖြစ်နေသော်လည်း မြင်ကွင်းမှာ သူ့ကို တစ်ဖက်သို့ လှည့်သွားကာ အခြောက်အန်နေလေသည်။

"ဟားဟား..” Han  Yunxi  မှာမူ ရယ်မောနေတော့သည် ။ သူမ၏ ထိုင်ခုံပေါ်မှ ပြုတ်ကျလုမတတ်ပင်။ ဒါကို ရှင်က ကိုယ့်တွင်းကိုယ်တူးတာလို့ ခေါ်တယ်။ ကိုယ့်ကိုကိုယ် အော်ကလီဆန်နေတာလား.. ဒါ..

အကယ်၍ မနေ့မှ သူတို့၏ ယောက်ျား အချစ်ကြောင့် မဟုတ်ရင် ယနေ့ ဇာတ်လမ်းမှာ ဘယ်လိုဖြစ်လာနိုင်မည်လဲ။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now