အခန်း(၁၂၆၃)

146 21 2
                                    

အခန်း(၁၂၆၃)

ရှက်ရွံ့ခြင်း။





ကျော်ကြားသော ဆိုရိုးစကားတစ်ခုက “နွေဦးညများမှာ တိုတောင်းပြီး ကောင်းကင်တွင် နေမြင့်သည်အထိသာ အိပ်ရသည်ကို ရေမြေ့အရှင်မှာ မုန်းတီးသည်။ နောက်ပိုင်းမှစပြီး မနက်ခင်း ရုံးတော်ကို မသွားတော့ဘူး။” သို့သော် ဤနေရာတွင် ဧကရီမှသာ စောစော နိုးလာခြင်းကို ရပ်တန့်သွားရသည်။

နောက်တစ်နေ့ Han Yunxi  မှ နိုးလာချိန်တွင် မွန်းတည့်နေပြီပင်။ Long Feiye မှာ ရုံးတော်မှ ပြန်ရောက်လာပြီး စာကြည့်ဆောင်တွင် ကိစ္စများကို စီမံခန့်ခွဲခြင်း ပြီးဆုံးသွားသဖြင့် ယခုအခါ Han Yunxi  မှ နိုးလာစေရန် စောင့်ဆိုင်းရင်း လက်ဖက်ရည်သောက်ရန် တစ်ယောက်တည်း ထိုင်နေခဲ့သည်။ သူ့အတွက် အားလပ်ချိန်မှာ ရှားပါးလှသဖြင့် ရှုခင်းနှင့် ပန်းများ ခံစားရန် သူမကို ခေါ်သွားချင်နေသည်။

Han Yunxi မှာ ဆေးကြောသန့်စင်ပြီး အပြင်သို့ထွက်လာလျှင် ပထမဆုံးမြင်လိုက်ရသည်မှာ သူက ခြံဝန်းအတွင်းရှိ ကျောက်စားပွဲ၌ ထိုင်နေပြီး လက်ဖက်ရည်ကို ပြေပြစ်စွာ သောက်သုံးနေလေသည်။ ယနေ့တွင် သူက ခါးတွင်ချည်ထားသော ကျောက်စိမ်းဆွဲသီးနှင့် အဖြူရောင် ဘရိုကိတ်အင်္ကျီကို လျော့ရဲစွာ ဝတ်ထားသည်။ သူ၏ဆံပင်ကို ဦးခေါင်းအထက်တွင် ထုံးဖွဲ့ထားပြီး ခရမ်းရောင်ကျောက်စိမ်းဆံထိုးဖြင့် သေသပ်စွာ စည်းနှောင်ထားသည်။ သူ၏ ဝတ်စားဆင်ယင်မှုက ရိုးရှင်းသည့်တိုင် အထက်တန်းကျနေဆဲပင်။ လက်ဖက်ရည်ခွက်ကို ကိုင်ထားသည့် အမူအရာမှာပင် ခံနိုင်ရည်မရှိအောင် တင့်တယ်လှသည်။

Han Yunxi  မှာ သူ့ကို စိုက်ကြည့်ရင်း သူတို့က ချင်ဝမ်အိမ်တော်သို့  တစ်ဖန်ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ခြံဝန်းတွင် သူက ပျင်းရိနေချိန်၌ ဤသို့ ရိုးရှင်းပြီး အထက်တန်းကျသော အဝတ်အစားကို ၀တ်ဆင်ထားလိမ့်မည်။ အကြိမ်များစွာ၊ သူမက လမ်းလျှောက်ရင်း သူက ပန်းခြံတစ်ဝိုက်တွင် လမ်းလျှောက်နေသည်ကို တွေ့ပြီး သူ့ကို စိုက်ကြည့်ရင်း  အဆုံးသတ်ခဲ့သည်။

တစ်ဖန် သူမ၏ အတွေးများ လွင့်မျောသွားပြန်သည်။
မနေ့ညက မုန်တိုင်းထန်သော တိမ်တိုက်များနှင့် ပျော့ပျောင်းသော ရန်လိုမှုတို့သည် သူမ၏ မျက်လုံးများရှေ့တွင် ပြင်းထန်သော မြင်ကွင်းများအဖြစ် ပေါ်လာသည်။ ခန္ဓာကိုယ်တွင် သူ့ထံမှ အမှတ်အသားများ ပြည့်နေသည့်တိုင် Han  Yunxi  အတွက် ယမန်နေ့မှ ဝံပုလွေမှာ ဝတ်ရုံဖြူဝတ်ထားသည့် Long Feiye ဖြင့် ညီမျှခြင်းချရန်မှာ ခက်ခဲလှသည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now