အခန်း(၁၃၃၈)

82 14 2
                                    

အခန်း(၁၃၃၈)

ရှင်းလင်းခြင်း။







တံခါးပိတ်သွားပြီးနောက် Cheng'er ၏ နှလုံးသားမှာ ခုန်ပေါက်နေသည်။ ဒေါသထွက်နေသည့် အားချန် ကို မကြောက်ဟုဆိုလျှင် သူမ လိမ်နေခြင်းပင်။ သို့တိုင်အောင် မခုခံနိုင်ပဲ သူ့ကို ခိုးကြည့်မိပြန်သည်။ အတိတ်တွင် သူက မျက်မမြင်တစ်ယောက်ဟုသာ တွေးခဲ့သော်လည်း ယခု ဘာကြောင့် ပို၍ ချောမောလာသည်လဲ။ သူက စိတ်ဆိုးဒေါသထွက်နေချိန်တွင် ပုံမှန်ထက်ပင် ပိုကြည့်နေကောင်းသည်။

ဒီတစ်ကြိမ် သူ မျက်ကွယ် မတပ်ထားလို့လား။

Cheng'er မှာ ထိတ်လန့်ဟန်ဆောင်ကာ မေးလိုက်သည်။ " ဘာလဲ.. ရှင်…တံခါးပိတ်ပြီး ဘာလုပ်ချင်တာလဲ။"

"ကလေးက ဘယ်မှာလဲ။ Ning Cheng မှာ ပြန်ပြောလိုက်သည် ။

Cheng'er မှာ ရယ်မောသည်။ “ကျွန်မက ဒီအတိုင်း..."

"မင်း ကိုယ်ဝန်ရှိနေတယ်ဆိုမှတော့ ဖျက်ချလိုက်။" Ning Cheng မှ ဖြတ်ပြောလိုက်သည်။

Cheng'er မှာ သူက ဘာကိုဆိုလိုသည်ကို မသိသော်လည်း မကြာမီ သူက တံခါးဖွင့်ကာ အပြင်သို့ အော်သည်ကို တွေ့လိုက်ရသည်။ "တစ်ယောက်ယောက် လာ။ ဒီကို အမျိုးသမီး သမားတော် ရှာခဲ့။"

Cheng'er မှာ နောက်ဆုံးတွင် အန္တရာယ်ကို ခံစားမိပြီး လှည့်ပြေးသွားသော်လည်း Ning Cheng မှာ တံခါးကို ထပ်မံပိတ်ကာ အရပ်မြင့်မားကာ ကျယ်ဝန်းသော ခန္ဓာကိုယ်ဖြင့် ပိတ်ဆို့ထားသည်။

" ကျွန်မက နောက်နေရုံပဲ။ ကျွန်မ ရှင်နဲ့ ဆွေးနွေးဖို့ အရေးကြီးတာတစ်ခုရှိတယ်။"

"တကယ်လား။"

"အားချန်၊ ကျွန်မတို့ တစ်ယောက်ကို တစ်ယောက် သိနေခဲ့တာ နှစ်အတော်ကြာပြီပဲ။ ကျွန်မကို အခွင့်အရေးတစ်ခုပဲ ပေးပါ။"

Ning Cheng ၏ သုန်မှုန်နေသော မျက်နှာကို အချိန်ကြာမြင့်စွာ ကြည့်နေလေ Cheng'er မှာ ပို၍ ထိတ်လန့်လာလေပင်။ နောက်ဆုံးတွင် သူမ အပြစ်ရှိစိတ် ခံစားရကာ ဆက်မပြောနိုင်တော့ပေ။ Ning Cheng မှာ သူမကို စကားတစ်ခွန်းမှ မပြောပဲ ရိုးရှင်းစွာသာ စိုက်ကြည့်နေသည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now