အခန်း(၁၂၀၉)

167 24 4
                                    

အခန်း(၁၂၀၉)

တိုင်ကြားချက်များ။










နန်းမြို့တော် ဆောက်လုပ်ရန် အချိန်မှာ ကြပ်တည်းနေသည်။ Long Feiye မှာ Tang Zijin ကို နှစ်ကြိမ်တိုင်တိုင် ဖိနှိပ် ပေးထားပြီးဖြစ်သောကြောင့် သူက နှစ်သစ်ကို ထန်မျိုးနွယ်တွင် ဖြတ်သန်းမည့်အစား မြို့တော်တွင် ကုန်ဆုံးမည်ဟု လူတိုင်းမှ ယူဆထားကြသည်။ ဒွါဒသမ ၁၅ရက်နေ့တွင် မထင်မှတ်ပဲ သူက တံခါးဝတွင် ရုတ်တရက်ပေါ်လာလေသည်။

Ning Jing မှာ ထန်ထန်လေးကို လက်တစ်ဖက်ဖြင့် ချီထားပြီး ကျန်တစ်ဖက်တွင် Tang Li ကို ကိုင်ထားသည်။ Tang Zijin အား တံခါးမှ လှမ်းမြင်လိုက်သည်နှင့် သူ၏ပြင်းထန်သောအမူအရာကို ချက်ချင်းသတိပြုမိလိုက်သည်။ သူမ ထိတ်လန့်သွားသော်လည်း Tang Li မှာ တုံ့ပြန်ခြင်းမပြုပေ။ ထန်ထန်လေးမှာ ပျော်ရွှင်နေကာ အော်လိုက်လေသည်။ “ဘ…ဘိုး…ဘိုးဘိုး…”

"အဖေ၊ပြန်လာပြီလား။" Ning Jing  မှာ ဦးညွှတ်သည်။

ကံမကောင်းစွာဖြင့် Tang Zijin မှာ သူမနှင့် ထန်ထန်လေးကို လျစ်လျူရှုထားလေသည်။ သူ၏ အကြည့်များမှာ သားဖြစ်သူကို စိုက်ကြည့်နေသည်။Ning Jing ကြောင့် စိတ်လွတ်သွားကြောင်း သိလိုက်ရပြီးနောက် သူက Tang Li ကို ပထမဆုံးအကြိမ် တွေ့ရခြင်း ဖြစ်သည်။ သူက သားဖြစ်သူကို သံမှ သံမဏိအဖြစ်သို့ မပြောင်းနိုင်သည့်အတွက် အမြဲတစေ မုန်းတီးနေလေသည်။ 

ကောင်ကလေးမှာ သူက စီစဉ်ထားသည့် အိမ်ထောင်ရေးမှ ထွက်ပြေးသွားချိန်တွင် သည်းခံနေခဲ့သည်။ 

Ning Jing မှ သူ့ကို ဆေးခတ်ပြီး လက်ထပ်ရန် ဖိအားပေးခဲ့ချိန်တွင်လည်း သည်းခံနေခဲ့သည်။

"အစ်ကိုကြီး" ဖြစ်သူ Long Feiye အတွက် ဂုဏ်ထူးဆောင်ကာ ဒီမျိုးနွယ်ထံမှ အကျိုးကျေးဇူးများရယူနိုင်ရန် Tang Li မှ Ning Jing အား အသုံးချနိုင်ရန် သူက မျှော်လင့်နေခဲ့သည်။ အနည်းဆုံးတော့ သူတို့အတွက် မြင့်မြတ်သော “ဘုရင်” ရာထူးကို ရနိုင်ခဲ့နိုင်သည်။ ယင်းအစား၊ ကောင်ကလေးမှာ Ning Jing ကြောင့် မိဘများနှင့် ထန်မျိုးနွယ် ကို ဘေးဖယ်ထားသော လူမိုက်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ၎င်းကို သည်းမခံနိုင်ပေ။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now