အခန်း(၁၂၁၅)

142 25 0
                                    

အခန်း(၁၂၁၅)

သူမ၏ ယုံကြည်ချက်။





Tang Zijin က Tang Li ကို ကိုယ်လုပ်တော် ယူခိုင်းနေတာလား။

Ning Jing မှာ စိတ်တွင်း၌ ရယ်မောလိုက်သည်။ သူမက မြုံသွားကြောင်း မသိခင်ကပင်  Tang Zijin မှာ ဤနည်းလမ်းများကို အသုံးပြုကာ Tang Li အား  အခြားအမျိုးသမီးတစ်ဦးကို ယူစေချင်နေသည်။အကယ်၍ Tang Zijin မှာ အဖြစ်မှန်ကို သိလိုက်ရလျှင် ဘယ်လိုတုံ့ပြန်မည်လဲ။

သူမ သားတစ်ယောက် မမွေးနိုင်တော့ကြောင်း ဝန်ခံနိုင်သည်။ သို့ရာတွင် Tang Li  မှာ သတိပြန်ဝင်လာပြီဖြစ်၍ အမှန်တရားကို ဖုံးကွယ်ထားရန်လည်း မလိုအပ်တော့ပေ။ လုပ်စရာရှိသည်ကို ကိုင်တွယ်ဖြေရှင်းရမည်။ သူမ Ning Jing မှာ မည်သည့်အရာကိုမဆို ကိုင်တွယ်နိုင်သည်။ 

သို့တိုင်အောင် Tang Li ၏ တရားဝင်ဇနီးဖြစ်သောကြောင့် သူမအနေဖြင့် ဤသို့သော ကိစ္စမျိုးကို ဘယ်တော့မှ သဘောတူမည် မဟုတ်ပေ။ အမှန်စင်စစ်ပြောရလျှင် Tang Li မှာ  ကိုယ်လုပ်တော်ယူခဲ့လျှင်ပင် ဤကဲ့သို့သော ကိစ္စမျိုးသာ ဖြစ်လာပေလိမ့်မည်။

"Ning Jing မင်း ဒီကိစ္စမှာ ဘာမှပြောစရာမရှိဘူးလား။" Tang Zijin မှာ ဟန်ဆောင်မှုအားလုံးကို စွန့်လွှတ်လိုက်သည်။

Tang Li မှ စကားမပြောမီတွင် သခင်မထန်မှာ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်မှလေသည်။ "Tang Zijin၊ ဒီအကြံထုတ်တာ သူမနဲ့ ပဉ္စမအကြီးအမှူးဆိုတာ ရှင်းနေတာ။ သူနဲ့ Xiao Lan က ဘာလို့ ချက်ချင်းလက်ငင်း နစ်နာသူတွေ ဖြစ်သွားရတာလဲ။”

စကားပြောနေရင်း သူမ အခန်းထဲကို လျှောက်သွားလိုက်သည်။ Xiao Lan မှာ စောင်များအောက်တွင် ပုန်းနေဆဲဖြစ်ပြီး မြင်ကွင်းမှာ  သူမကို ဒေါသထွက်စေတော့သည်။ "Xiao Lan၊ အခုချက်ချင်း အဝတ်အစားဝတ်လိုက်။ ပြောစရာရှိရင် လူတိုင်းကို သိအောင်ပြောပြ။ ဒီမှာ ငိုယိုမနေနဲ့။ မသိရင် တခြားသူတွေက ငါ့သားကပဲ မင်းကို အနိုင်ကျင့်တယ်လို့ ယုံနိုင်တယ်။ ဟမ့်..  ငါ့သားကို ကြံစည်တာ မင်းတို့ပဲမလား။ ငါ မင်းကို အခုပြောပြလိုက်မယ် မင်း ဒီနေ့ မင်းကိုယ်မင်း မရှင်းပြရင် ငါက ကောင်စီတစ်ခုလုံးကို ခေါ်ပြီး တရားသူကြီးလုပ်ခိုင်းမယ်။"

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now