အခန်း(၁၃၀၃)

112 17 0
                                    

အခန်း(၁၃၀၃)

အလောင်းအစား။







Qin  Min  မှာ Han  Yunxi မှ ထိုကဲ့သို့ပြောလာမည်ဟု မထင်ထားပဲ သူမ၏စကားများတွင် ဖုံးကွယ်ထားသော အဓိပ္ပါယ်ရှိနေသည်ဟု ခံစားမိနေသည်။ သို့သော် သူမ မသိနားမလည်သကဲ့သို့သာ ဆက်လက် ဟန်ဆောင်နေခဲ့သည်။ တကယ်တော့ သူမလည်း မဟန်ဆောင်ချင်ခဲ့ပေ။ သူမ ကုတင်ပေါ်တွင် လှဲလျောင်းပြီး ကောင်းကောင်းအိပ်ရရန် မစောင့်နိုင်တော့ပေ။ ဤနေရာသို့ တစ်လျှောက်လုံး မြင်းလှည်းစီးလာရခြင်းမှာ သူမ ခန္ဓာကိုယ်ထဲရှိ အရိုးတိုင်းကို ပင်ပန်းစေသည်။ သူမ ဤရက်အနည်းငယ်အတွင်း တဲ၌ အိပ်နေခဲ့သော်လည်း မလုံလောက်သေးပေ။ ယွင်နင်းမြို့တွင်နေထိုင်သည့် သူမ၏နေ့ရက်များကဲ့သို့ တင်းမာနေရန်နှင့် သတိရှိရန်မှတပါး ရွေးချယ်စရာမရှိပေ။ လေးစားရတဲ့ ဧကရီနှင့် အခြားသူများဖြင့် အလွန်နီးစပ်ပါက သူမ ကိုယ့်ကိုကိုယ် ထုတ်ဖော်မိမည်ကို ကြောက်ရွံ့မိသည်။

Mu Linger မှာ ကြီးကြီးမားမားမဟုတ်သော်လည်း ဧကရီနှင့် Ning Jing တို့မှာမူ လိမ္မာပါးနပ်ပြီး ထက်မြက်သော မျက်လုံးများရှိသည်။ သူမက Gu Beiyue ၏ ကိုယ်ဝန်နှင့် ပက်သက်သည့် အစီအစဥ်များကို ဖျက်စီးခဲ့ပြီးဖြစ်သောကြောင့် အကယ်၍ သူတို့၏ အိမ်ထောင်ရေးတွင် အခြားပြသနာများပါဖြစ်စေခဲ့လျှင်၊ သူမ သူ့ကို နောက်ဘဝတွင်ပင် တွေ့ရန်မျက်နှာမရှိနိုင်တော့ပေ။ ယွင်နင်းမှ သူမ၏နေ့ရက်များကို လွမ်းဆွတ်နေဆဲဖြစ်သည်။ အချိန်အတော်ကြာ အဝေးတွင် ရောက်နေပြီးနောက်မှာ အရိပ်လေးမှ ဘယ်လိုနေမှန်း သူမ မသိနိုင်ပေ။ သူမ သူ့ကို ခေါ်လာချင်သည့်တိုင် အချိန်အတော်ကြာအောင် စဥ်းစားပြီးနောက် စိတ်ကူးကို စွန့်လွှတ်လိုက်သည်။ သူမကိုယ်တိုင်လည်း မသက်မသာဖြစ်နေသဖြင့် ကလေးကို ခေါ်လာလျှင် အဆင်မပြေ ဖြစ်နိုင်သည်။ အရိပ်လေးအတွက် အခက်အခဲ မဖြစ်စေလိုပေ။

" ကျွန်မတို့ တူတာလား။" Qin Min မှာ ပြန်မေးလိုက်သည်။

"အစ်မ ကြည့်ရတာ မတူဘူး၊ ဒါပေမယ့် အစ်မရဲ့ စိတ်နေစိတ်ထားတွေက လက်တွေ့မှာ ထပ်တူပဲ။" Mu Linger မှာ ကြေငြာလိုက်သည်။ "အစ်မမင်း ကျွန်မတို့ကို တိတ်တိတ်လေးပြောပြ.. Gu Beiyue က အစ်မအတွက် အိမ်စည်းကမ်းတွေ ချထားသတာလား။ အိမ်မှာ ဟိုလိုဒီလို မလုပ်ရဘူးဆိုတာမျိုး မရှိဘူးလား။ အပြင်ထွက်ရင်ကော အတူတူပဲလား။ "

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now