အခန်း(၁၃၆၅)

99 13 0
                                    

အခန်း(၁၃၆၅)

ချင်မင်း.. မငိုပါနဲ့။





Gu Qishao မှာ ယခုအချိန်တွင် Yan'er ကို ပို၍ စိုးရိမ်နေသည်။ သူမ အသက်ရှင်နေသလား၊ သေသလား။ နက်နဲကုန်းမြေကြီး၏ မြင်ကွင်းများသည် ရေဝဲထဲတွင် အဘယ်ကြောင့် ပေါ်လာသည်လဲ။ Yan'er ကို ဆွဲခေါ်သွားသည့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားက ဘာဖြစ်မည်လဲ။ ၎င်းသည် သူမအား နက်နဲကုန်းမြေကြီးသို့ ခေါ်ဆောင်သွားနိုင်သလား။ Gu Qishao မှာ နောက်ထပ် စိတ်ကူးမကြည့်ဝံ့ပေ။ "စခန်းကိုပြန်ရအောင်။ Gu Beiyue ဆီ ချက်ချင်းစာတစ်စောင်ပို့လိုက်မယ်။"

သူက တကယ်ကို ကြောက်ရွံ့နေခဲ့သည်။

သို့တိုင် Rui'er ၏ ရှေ့တွင်တော့ သူ၏ ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုများကို ဖုံးကွယ်ထားခဲ့သည်။ အကယ်၍ သူက ပြိုလဲသွားလျှင် Rui'er မှာ ဘယ်လို ထိန်းထားနိုင်မည်လဲ။

Gu Qishao မှာ ထွက်သွားရန် ပြင်လိုက်စဥ် Rui'er မှာ သူ့ကို နောက်ပြန်ဆွဲလိုက်လေသည်။ ​“ ခေါင်းကိုင်အဖေ ဒဏ်ရာတွေ.."

Gu Qishao မှာ မသိစိတ်ဖြင့် မရပ်မနား သွေးထွက်နေသော လက်ကို နောက်ကျောတွင် ဝှက်ထားလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ မသေမျိုး မဟုတ်တော့သဖြင့် သွေးနွယ်ပင်များကို အစာကျွေးရန် အသုံးပြုသည်က ကိုယ့်ကိုကိုယ် အတော်လေး အန္တရာယ်များစေသည်။ Rui'er မှာ အဝတ်တစ်စကို ဆုတ်ဖြဲကာ Gu Qishao အတွက် ဒဏ်ရာကို သေချာပတ်တီးပတ်ထားပေးလိုက်သည်။ သူက အသက်ဆယ်နှစ်သာရှိသေးသော်လည်း ဒဏ်ရာကို လှုပ်ရှားမှုတစ်ခုတည်းဖြင့် သန့်ရှင်းသပ်ရပ်စွာ စည်းနှောင်လိုက်ပြီး အဖေ၏ချဉ်းကပ်ပုံ သို့မဟုတ် အမေ၏ကျွမ်းကျင်မှုထက် မနိမ့်ကျပေ။ အရွယ်ရောက်ပြီးသူနှင့် ကလေးမှာ စိတ်ရောကိုယ်ပါ စိုးရိမ်ထိတ်လန့်နေကြသည်။ သူတို့က စကားမပြောတော့ပဲ စခန်းသို့ အမြန်ပြန်သွားလိုက်ကြလေသည်။

Jin Zi နှင့် ကျန်သူများမှာ ထိုနေရာတွင် ရှိနေသေးသည်။ သူက သိမ်းငှက်တမန်ဖြင့် အရေးပေါ်ဆုတ်ခွာရန် အမိန့်ထုတ်ထားပြီးဖြစ်သည်။ လက်ရှိတွင် ရနိုင်သည့် လူအင်အား အားလုံးကို တပ်ဖြန့်ပြီးသွားပြီပင်။ Tang Li နှင့် Ning Jing တို့မှာ သိုးထိန်းများ၏ ရွှေ့ပြောင်းမှုအတွက် သတင်းပေးရန် အချိန်မရွေး ထွက်ခွာရန် အသင့်ရှိသော လှည်းတန်းများ ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ခဲ့ကြသည်။ Jing Zi နှင့် Mu Linger တို့မှာ ဆောင်းကျီးပြည် အတွက် အလျင်စလို ပြင်ဆင်နေကြသည်။ သိမ်းငှက်တမန်မှာ သူတို့ထက် များစွာ လျင်မြန်သော်လည်း၊ ထိုကဲ့သို့ အန္တရာယ်ရှိသော အခြေအနေများ၌ မြို့ကြီးများတွင် ကိုယ်တိုင်တာဝန်ယူရန် အရည်အချင်းရှိသူများကို လိုအပ်သည်။ မဟုတ်၍ သိုးထိန်းများမှ အထိတ်တလန့်ဖြစ်သွားရင် မြက်ခင်းပြင်၌ ကမောက်ကမ ဖြစ်သွားလိမ့်မည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now