အခန်း(၁၂၄၁)

116 22 2
                                    

အခန်း(၁၂၄၁)

ဆေးရူး။






Gu Qishao နှင့် Tang Li တို့နှစ်ယောက်မှာ Gu Beiyue ကိုမြင်ရလျှင် ဝမ်းသာပီတိဖြစ်ကာ ကြိုဆိုနေကြသည်။ Gu Beiyue မှာ ထက်မြက်သူဖြစ်ပြီး လွတ်နေသော ဒုတိယအဆင့် ထိုင်ခုံ ခုနစ်လုံးကိုတွေ့လိုက်သည်နှင့် နှုတ်ခမ်းများမှာ သိတတ်သည့်အပြုံးတစ်ခုအဖြစ်သို့ ကွေးညွှတ်သွားသည်။ သူ၏ ရာထူးမှာ မြင့်မားလှခြင်း မရှိသော်လည်း ရူအာကို ကျောပိုးထားရင်း Gu Qishao ၏ဘေးတွင် ထိုင်လိုက်သည်။ မဟာပရိယတ်(မင်းဆရာ) ရာထူးသည်လည်း ထူးခြားပြီး နိုင်ငံနှင့် မင်းဆက်ပေါ်မူတည်၍ အဆင့်အတန်းနှင့် အာဏာ ကွဲပြားသည်။ အချို့သော မင်းဆရာများသည် ဝန်ကြီးချုပ်တစ်ဦးနှင့် ညီမျှပြီး အနာဂတ်ဧကရာဇ်၏ ဆရာအဖြစ် ငယ်စဉ်ကပင် နန်းတွင်းနိုင်ငံရေးကို စီမံခန့်ခွဲရာတွင် ကူညီပေးနိုင်သည်။ အခြားသူများမှာ ရိုးရိုးရှင်းရှင်း သင်တန်းပို့ချသူများသာဖြစ်ပြီး ရုံးတော်ကိစ္စများတွင် ကိုယ်တိုင် ပါဝင်ပတ်သက်ခြင်း လုံးဝမရှိပေ။ အခြားသူများမှာ စစ်မှန်သော အာဏာမရှိပဲ ရိုးရိုးရှင်းရှင်း ဘွဲ့အမည်များသာ ဖြစ်သည်။ ဥပမာအားဖြင့်၊ ထျန်းနင်အိမ်ရှေ့စံ Long Tianmo ၏ ဆရာမှာ ထိုကဲ့သို့သောလူတစ်ဦးဖြစ်သည်။ သူက တစ်ပြိုင်နက်တည်း ဝန်ကြီးချုပ်ဖြစ်နေသည့်တိုင် အိမ်ရှေ့စံအား အုပ်ချုပ်ရေးတွင် မည်သည့်အချိန်ကမှ ကူညီပေးခြင်းမပြုပဲ ဘေးမှသာ အကြံဥာဏ်များ ပေးခဲ့သည်။

မဟာချင်၏ မဟာပရိယတ်မှာ စတုတ္ထအဆင့်အရာရှိဖြစ်သည်။ Gu Beiyue မှာ အိမ်ရှေ့စံအား အတန်းစာများနှင့် ဂန္တဝင်စာပေများကိုသာမက နိုင်ငံရေးကိုပါ သင်ကြားပေးရသည်။ Long Feiye မှာ မဟာပရိယတ် ရာထူးကို ပထမအဆင့်သို့ တိုးမြှင့်ခဲ့လျှင် သူက မည်မျှအလုပ်များနေမည်ကို ကောင်းကင်မှသာ သိလိမ့်မည်။ ရုံးတော်တွင်း အာဏာလွန်ဆွဲပွဲများမှ ရုန်းထွက်နိုင်ရန်လည်း ပို၍ နည်းပါးသွားလိမ့်မည်။ စတုတ္ထအဆင့်တွင် သူက စစ်မှန်သော အာဏာကြီး မရှိသဖြင့် သူ့ကို စည်းရုံးလာသည့် လူများထံမှ ကမ်းလှမ်းမှုများကို အလွယ်တကူ ငြင်းဆန်နိုင်သည်။ ဂိုဏ်းခွဲများကြား ပြိုင်ဆိုင်မှု အမျိုးမျိုးမှ ကင်းဝေးပြီး အကြီးတန်း အရာရှိများကို ပြင်ပလူတစ်ဦး၏ အမြင်ဖြင့် ပို၍ ဓမ္မဓိဋ္ဌာန်ကျကျ အကဲဖြတ်နိုင်သည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now