အခန်း(၁၃၃၅)

108 12 0
                                    

အခန်း(၁၃၃၅)

ပြီးနောက်။








Lele မှာ Le Zheng ၏ နောက်မှ နှစ်ပေါင်းများစွာ လိုက်ခဲ့ပြီး လျှို့ပေကုန်သွယ်ရေးလုပ်ငန်းစုရှိ အခြားသူများထက် သူ၏ ဒေါသကို ကောင်းစွာသိထားသည်..  Ning Cheng ထက်တော့ သေချာသည်။ သူ​၏ လက်ထဲရောက်သွားသည်နှင့် ၎င်းမှာ ရိုးရှင်းသော သေခြင်းတရားမဟုတ်နိုင်မှန်း သူမ သိနေသည်။ နောက်ဆုံးတော့ သူမက သူ၏ သမီးအရင်း မဟုတ်ပေ။ သူမ သေခြင်းကို ရှာရလောက်အောင် အထိတ်တလန့်ဖြစ်နေသော်လည်း အဘယ်ကြောင့် အတင်းပြုံးနေမိမှန်း မသိပေ။ အားနည်းချက်ကို ထိုအမျိုးသား၏ ရှေ့တွင် မပြချင်ခဲ့ခြင်း ဖြစ်နိုင်သည်။

သူက လျှို့ပေကုန်သွယ်ရေးလုပ်ငန်းစုတွင်း ဝင်ရောက်လာပြီး Le Zheng ၏ သဘောကျမှု ရရှိပြီးကတည်းက သူမနှင့် ထိပ်တိုက်တွေ့နေခဲ့သည်။ Le Zheng မှာ သူမအား သူ့နှင့် လက်ထပ်စေချင်ခဲ့သည့် အချိန်မှစပြီး သူတို့က တရားဝင် ရန်ဖြစ်ရတော့သည်။ သူမက အမျိုးသမီးတစ်ဦးဖြစ်သော်လည်း မည်သည့် အမျိုးသားကိုမှ ရှုံးနိမ့်ခြင်း မရှိခဲ့ဖူးပေ။ လျှို့ပေကုန်သွယ်ရေးလုပ်ငန်းစု၏  အဖွဲ့ဝင်များအားလုံးမှာ အမျိုးသားများဖြစ်ပြီး အများအပြားက သူမအား လက်ထပ်ချင်ကြသော်လည်း အားလုံးမှာ သူမ၏ခြေထောက်အောက်တွင် နင်းထားခံကြရသည်။ ထိုအမျိုးသားမှသာ နင်းချေနိုင်ရန် ကျရှုံးရုံ သာမက သူမသာ အကြိမ်ကြိမ် နင်းချေခံခဲ့ရသည်။ ဤတစ်ကြိမ်တွင်  သူမ အမှန်တကယ်​​ခြေ​ထောက်အောက် ရောက်​နေပြီပင်​။ သူမ ရှုံးနိမ့်ကြောင်း ဝန်ခံနိုင်သည်။ သို့သော် ဘာဖြစ်နိုင်မည်လဲ။ သူက သူမအား ရယ်စေရန် ခွင့်မပြုနိုင်ပေ။

"တကယ်လို့ ရှင်ဝန်လေးနေရင်​ ကျွန်မကိုလက်​ထပ်​လိုက်​။ ကျွန်မတို့ Le Zheng ကို အတူတူသတ်​ပြီး သူရဲ့ ဘဏ္ဍာကို ခွဲလိုက်​မယ်​။ အဲ့ဒါက ဘယ်​လိုလဲ။" Lele မှာ ပြုံးပြုံးရွှင်ရွှင်ဖြင့် မေးလိုက်သည်။

Ning Cheng မှာ ဖြေလိုက်လေသည်။ "မင်း နိုးလာပြီးရင် မင်းရဲ့ မွေးစားအဖေနဲ့တွေ့ရတာ ပိုစိတ်ဝင်စားဖို့ကောင်းလိမ့်မယ်။"

သူ၏ စကားများမှာ သူမကို ဆဲဆိုလိုက်ခြင်းနှင့် အလားတူပင်။ သူမ တည်ငြိမ်မှု  ပျောက်ဆုံးသွားပြီး ကုတင်ပေါ်တွင် တောင့်တင်းကာ မလှုပ်မရှား ဖြစ်နေသည်။ Ning Cheng မှာ အစောင့်တစ်ဦးကို ခေါ်ယူကာ ညွှန်ကြားလိုက်သည်။ "သူမကို ချည်နှောင်ပြီး သူဌေးရဲ့ အခန်းကို ပို့ပေးလိုက်။"

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now