အခန်း(၁၂၀၅)

214 24 13
                                    

အခန်း(၁၂၀၅)

အနှိုင်းမဲ့ ဂုဏ်သရေ။





Gu Beiyue မှာ အသေးလေးကို လက်ဖြင့် လှမ်းကိုင်လိုက်ရင်း မျက်လုံးများမှိတ်လိုက်သည်။ သူ၏ ဂရုစိုက်မှုအောက်တွင် အသေးလေး၏ သားမွေးများမှာ အမြဲတစေ သက်တောင့်သက်သာရှိပြီး နူးညံ့လာသည်။ 

သူက ပေါ့ပေါ့ပါးပါး ပြောလိုက်လေသည်။ “ အသေးလေး ၊ ဒီနေ့ ကိစ္စကြီးတစ်ခု ပြီးသွားပါပြီ။ မကြာခင် ယွင်နင်း ကို ပြန်သွားရအောင်။ အလုပ်အတွက် ပြင်ဆင်ဖို့ အချိန်နီးနေပြီ။”

အသေးလေးမှာ သက်တောင့်သက်သာရှိသော နေရာတွင် လှဲလျောင်းကာ အေးချမ်းစွာ အိပ်ပျော်သွားသည်။ သူက Gu Beiyue ၏ စကားကို နားလည်ခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိနိုင်ပေ။

Han Yunxi နှင့် Long Feiye တို့မှာ လက်ရှိတွင် ယွင်နင်း စီရင်စုသို့ ပြန်သွားနေကြသည်။ သူတို့၏ အိမ်ပြန်ရောက်သော ဒုတိယနေ့တွင် အရှေ့နှင့် အနောက် ချင် တော်ဝင်မျိုးနွယ်များ၏ အောက်မေ့ဖွယ် ကျောက်တိုင်များတွင် အရိုအသေပေးရန် ရူအာ ကို အတူ ခေါ်ဆောင်သွားခဲ့သည်။ နှစ်ကြိမ်စလုံးတွင် အရှေ့နှင့် အနောက် ချင် နှစ်ဖက်လုံးမှ အဖွဲ့များ တက်ရောက်ရန် လိုအပ်သည်။ 

Long Feiye မှာ ယခုအခါတွင် သူ၏ဘိုးဘေးများကို တရားဝင် အသိအမှတ်ပြုပြီး သူ၏မူလအမည်ကို Xuanyuan Ye အဖြစ် ပြန်လည်ရယူခဲ့သည်။Rui'er ၏ တရားဝင်အမည်သည်လည်း Xuanyuan Rui ဖြစ်လာသည်။ သို့သော် Han Yunxi မှာ  ခင်ပွန်းသည်၏ နာမည်ဟောင်းကို ပို၍နှစ်သက်ပြီး သူ့ကို သီးသန့်အချိန်တွင် ထိုသို့ခေါ်လေ့ရှိသည်။ သူမ၏အိမ်ထောင်ဖက်တွင် အဆင့်အတန်း သို့မဟုတ် မည်သည့်ရာထူးထက်မဆို သာလွန်ကာ Long  Feiye  မှ Long Feiye သာ ဖြစ်သည်ဟုသာ ပြောခဲ့သည်။

သာမာန် ပူဇော်ဂါရဝပြုခြင်း ထုံးတမ်းများ အပြီးတွင်၊ Long Feiye မှာ သူ၏နိုင်ငံတော်ကို တည်ထောင်ကြောင်း တရားဝင်ကြေငြာခဲ့သည်။ ၎င်း၏အမည်မှာ ချင် ဖြစ်ပြီး တိမ်တိုက်ကုန်းမြေကြီးမှ အမြဲတစေ ငြိမ်ချမ်းနေမည်ဟု မျှော်လင့်ကာ ၎င်း၏ခေတ်အမည်မှာ ထာဝရငြိမ်းချမ်းရေးဖြစ်လာသည်။ 

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now