အခန်း(၁၂၅၈)

121 23 2
                                    

အခန်း(၁၂၅၈)

အိမ်အပြန်။




Baili Qiyu မှာ ဧကရာဇ်နှင့် ဧကရီမှ အိမ်ရှေ့စံကို  အတူ ခေါ်ဆောင်လာသည်ကို မြင်လိုက်ရသဖြင့် အံ့သြသွားသော်လည်း သူကလည်း အပြစ်ရှိသည်ဟု ခံစားနေရလေသည်။ ထိုစစ်ရေးအမိန့်ကို စွန့်လွှတ်ပြီး Xiao An ၏ ကျဆုံးခြင်းဖြင့် ပိုင်လီမျိုးနွယ်၏ အနာဂတ်ကို လဲလှယ်ခဲ့ခြင်းမှာ Baili Lixiang ၏ တိုက်တွန်းချက်ကို နားထောင်ရကာ “ပင်လယ်ဘုရင် တံဆိပ်" ကိစ္စကြောင့် ဖြစ်သည်။ သူ၏ အဖေမှ မည်သို့ ငိုကြွေးသည်ကို ပြန်သတိရမိလျှင် .. သခင်ကြီး၊ ဒီအရာရှိအိုကြီးက မှားသွားပြီ။ ကျွန်တော်မှားသွားပြီ။.. Baili Qiyu မှာ ကြီးမားသောနောင်တရမှုကိုသာ ခံစားလိုက်ရသည်။ သူက ဖခင်၏ အချစ်ဆုံးသားဖြစ်ပြီး ချောက်ကမ်းပါးသို့မရောက်မီ မြင်းကို ပြန်ဆွဲထားရန် သူ့ကို နားချနိုင်ခဲ့သင့်သည်။ သို့သော် သူ့ကိုယ်သူ ယုံကြည်ချက်မရှိခဲ့ပေ။

သူ၏ နှလုံးသားတွင်း၌ ရှောင်မျိုးနွယ်နှင့် မဟာမိတ်ပြုခြင်းကို အမြဲတစေ ဆန့်ကျင်နေခဲ့သည်။ တစ်ချိန်က အဖေနှင့် အစ်မကြီးအား ပိုင်လီကဲ့သို့သော မြင့်မြတ်သောမိသားစု၏ မျိုးဆက်များမှာ ရှောင်ကဲ့သို့ ပျိုးပင်ပေါက်နှင့် ပေါင်းသင်းရန် အဘယ်ကြောင့် လျော့ကျသွားရသည်လဲဟု သူက မေးခဲ့ဖူးသည်။

ထိုအချိန်တွင် Baili Mingxiang မှာ ဒူးထောက်လိုက်သည်။ “ဒီအပြစ်သားက အရှင်မင်းမြတ်၊ လေးစားရတဲ့ ဧကရီနဲ့ အရှင့်သား အိမ်ရှေ့စံတို့ကို နှုတ်ဆက်ပါတယ်။”

Baili Qiyu မှာလည်း သတိဝင်လာပြီး အလျင်အမြန် ဦးညွှတ်လိုက်သည်။ Long Feiye မှာ နှစ်ယောက်ကို လျစ်လျူရှုထားပြီး Baili Yuanlong ၏ သင်္ချိုင်းသို့ လျှောက်သွားလိုက်သည်။ ထိုနေရာတွင် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေပြီးနောက်တွင် သူက စကားပြောတော့မည့်ဟန်ထင်ရသော်လည်း တစ်ခွန်း မပြောပေ။ ယင်းအစား၊ သူက Baili Yuanlong ၏သင်္ချိုင်းတွင် လက်တစ်ဆုပ်စာ မြေသားကို ကိုယ်တိုင်ကိုယ်ကျ ထားလိုက်သည်။

ဤသည်မှာ မိသားစုမှသာ လုပ်ဆောင်သည့် ကိစ္စတစ်ရပ်ပင်။

Baili Qiyu နှင့် Baili Mingxiang တို့သည် နောင်တရခြင်း၊ အပြစ်ရှိခြင်း၊ ဝမ်းနည်းခြင်းနှင့် အကူအညီမဲ့ခြင်းတို့မှာ နှလုံးသားများတွင် လှိုင်းလုံးများကဲ့သို့ ပြည့်နှက်လာကာ ၎င်းကို ကြည့်နေကြသည်။ အစ်ကိုနှင့်ညီမမှာ တိတ်ဆိတ်နေရင်း  ဆက်တိုက် သုံးကြိမ် ဦးညွှတ်လိုက်လေသည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now