အခန်း(၁၃၀၅)

123 20 2
                                    

အခန်း(၁၃၀၅)

သတိပြုမိခြင်း။







Gu Beiyue မှာ ရင်ဘတ်ကို ဖုံးထားနိုင်လောက်အောင် လုံလောက်စွာ ပြည့်နေခြင်း မရှိသော ဆေးရည်ထဲတွင် စိမ်နေသည်။ သူက ပိန်လှီသော်လည်း သန်မာ တောင့်တင်းသော ရင်အုပ် များဖြင့် သန့်စင်ထားသည်။ သူက နာတာရှည် နာမကျန်းသူ ဖြစ်သော်လည်း ဖျားနာနေသူတစ်ယောက်ဖြင့် လုံးဝမတူပေ။ ၎င်းမှာ ငယ်စဉ်က သူ၏ ကိုယ်ခံပညာ လေ့ကျင့်မှုနှင့် ဆက်စပ်မှု ရှိကောင်း ရှိနိုင်သည်။ အဖြူရောင်ဝတ်ရုံအောက်တွင် ပုန်းကွယ်နေသည့် ဤခန္ဓာကိုယ်မှာ မထင်မှတ်လောက်အောင် ကောင်းမွန်လှသည်။ မူလတွင် သူက မျက်နှာကျက်ကို ငေးကြည့်နေသော်လည်း တစ်နည်းနည်းဖြင့် အိပ်ပျော်သွားခဲ့သည်။

အကယ်၍ ဤနေ့မှာ အခြားနေ့ဖြစ်ခဲ့လျှင် သူက သန်းခေါင်ယံရောက်ချိန် နောက်နာရီအနည်းငယ်ကြာသည်အထိ ခေါင်းကို စာရွက်ပုံကြီးထဲတွင် မြှုပ်ထားလိမ့်မည်။ သူက မအိပ်နိုင်သကဲ့သို့ အိပ်လည်းမပျော်ပေ။ သူက အနည်းငယ်ပင် သက်သာလာခြင်း မရှိသော်လည်း ရေထဲမှ အငွေ့နှင့် ဆေးရနံ့များမှာ သူ့ကို စိတ်အပန်းပြေစေသည်။ တစ်ဖြည်းဖြည်း သူ၏ နှလုံးသားမှာ ပြေလျော့လာသည်။ ရင်းနှီးသော နွေးထွေးမှုနှင့် ပတ်ဝန်းကျင်တွင် အရာအားလုံးကို လွမ်းဆွတ်စရာပင်။ ဤသို့ နေ့တိုင်း ဆေးရည်စိမ်ချိန်တိုင်း သူ၏ ကလေးဘဝသို့ ပြန်ရောက်သွားဟန်တူသည်။ သူ၏ ခန္ဓာကိုယ်နှင့်စိတ်မှာ ထိုအချိန်သို့ နောက်ပြန်ဆုတ်သွားခြင်းမရှိသော်လည်း ဆေးရည်စိမ်နေသည့် ဆယ်ကျော်သက်လေးမှာ တဖြည်းဖြည်း ကြီးပြင်းလာကာ မြီးကောင်ပေါက်လူငယ်လေးဖြစ်လာပြီးသည့်နောက် အရွယ်ရောက်လာသည့်ကို စောင့်ကြည့်နေသည့် အပြင်လူတစ်ယောက်သကဲ့သို့ ခံစားရသည်။

မသိစိတ်မှ သနားခြင်းများမှာ သူ၏ အကြည့်ထဲသို့ တိုးဝင်လာသည်။ သူက မရေမတွက်နိုင်သော လူများကို သနားခဲ့သော်လည်း ဤသည်မှာ ကိုယ့်ကိုကိုယ် သနားမိသည့် ပထမဆုံး အကြိမ်ပင်။ သူ၏ အတိတ်ပုံရိပ်ကို သနားစိတ်ဖြင့် ဓမ္မဓိဋ္ဌာန်ကျကျ ကြည့်နိုင်ရန် မည်သို့သော ရင့်ကျက်မှုမျိုး ရှိနေသည်လဲ။ ရင်းနှီးကျွမ်းဝင်မှုတွင် စိမ်နေရင်း တည်းခိုခန်းမှ စားပွဲထိုးလေးမှ ဆေးဖက်ဝင်ချိုးရေပူအိုးတစ်လုံးနှင့် ဝင်လာသည်အထိ သူက နိုးလာခြင်း မရှိပေ။ သူက ၎င်းကို မရေရာသောအမူအရာဖြင့် လောင်းထည့်ကာ ပြုံးလိုက်သည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now