အခန်း(၁၃၁၀)

100 15 0
                                    

အခန်း(၁၃၁၀)

သတိပေးချက်တစ်ခု။






"သင်တန်းကျောင်း ကျောင်းအုပ်၊ လူနာကို ….ကယ်လိုက်ပြီလား။"

"သင်တန်းကျောင်း ကျောင်းအုပ်၊ အဲဒီအဘိုးကြီးက မသေနိုင်တော့ဘူးမလား။"

"သင်တန်းကျောင်း ကျောင်းအုပ်၊ အခု အခြေအနေက ဘယ်လိုလဲ။"

အားလုံးမှာ Gu Beiyue ကို ဝိုင်းထားကာ တစ်ယောက်ပြီး တစ်ယောက် မေးခွန်းထုတ် နေကြသည်။ စတုတ္ထ သခင်မလေးရမ်မှာ သူမ၏ လက်မှ သွေးများကို မဆေးကြောရသေးပေ။ သူမ၏ မျက်လုံးများမှာ မျက်ရည်များ၏ ခြိမ်းခြောက်မှုဖြင့် နီရဲနေကာ ကွဲအက်နေသည့် အသံဖြင့် မေးလိုက်သည်။ "သင်တန်းကျောင်း ကျောင်းအုပ်၊  အားလုံး ဘယ်လိုနေလဲ။"

အခန်းငယ်လေးသို့ သူမ သွားရောက်ခဲ့ချိန်တွင်၊ ဒု- ဦးစီးရှန်မှာ လူနာ၏သွေးခုန်နှုန်းကို စမ်းသပ်နေဆဲဖြစ်သည်။ အဘိုးအိုမှာ သေခြင်းမှ လက်တစ်ကမ်းသာ ဝေးကွာတော့သော်လည်း သူ၏ အင်္ကျီလက်ထဲမှ ဓားမြှောင်တစ်ချောင်း  အူထဲသို့ ကိုယ့်ကိုကိုယ် ထိုးစိုက်ခဲ့သည်။ ထိုခဏ၌ပင် သွေးစိမ်းများ ထွက်လာပြီး သူမကို သေမတတ် ကြောက်ရွံ့သွားစေသည်။ သူမအဆင့်ရှိ သမားတော်များမှာ သေခြင်းတရားကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်ခဲ့ကြရပြီး ထိုသို့သောကိစ္စများအတွက် နေသားကျ နေသင့်သော်လည်း ယခုတစ်ကြိမ်တွင် သူမ ကြောက်လန့်နေခဲ့သည်။ အဘိုးအိုမှ သေဆုံးသွားလျှင် ရမ်မျိုးနွယ်မှ ပျက်စီးသွားမည်အား သူမ ကြောက်ရွံ့နေသည်။

Gu Beiyue မှာ မျက်ခုံးတွန့်ကာ လမ်းပိတ်ဆို့နေသော လူများကို အေးစက်စွာ ကြည့်လိုက်သည်။ သူက စကားတစ်ခွန်းမှ မပြောပဲ တစ်ဖက်သို့ သွားကာ ထိုင်လိုက်သည်။ ဒု- ဦးစီးရှန်မှ သူတို့၏မေးခွန်းများကို ဖြေကြားပေးလိုက်သည်။ "သူ့ကို ကယ်ဆယ်နေတုန်းဆိုတော့ အခြေအနေကို မသိရသေးဘူး။"

လူတိုင်းမှာ အံ့အားသင့်သွားတော့သည်။ ကယ်ဆယ်နေတုန်းပဲလား။ ဒါပေမယ့် ဆေးမြို့တော်က အသန်မာဆုံး သမားတော် နှစ်ယောက်က ဒီမှာရှိတယ်။ ဘယ်သူက ကယ်နေတာလဲ။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now