အခန်း(၁၃၅၂)

82 14 0
                                    

အခန်း(၁၃၅၂)

လူလိမ်ကြီး။





Qin  Min ၏ ထိတ်လန့်မှုကြားတွင်၊ Gu Beiyue မှာ တည်ငြိမ်နေဆဲပင်။ "ချီကလေး၊ အဆိပ်ကောင်မလေးမှာ ဧကရာဇ်ရှိတယ်၊ ဒါကြောင့် ကျွန်တော် စိတ်မပူဘူး။"

ထိုအချိန်တွင် Qin Min မှာ Gu Qishao ၏ “အဆိပ်ကောင်မလေးကို ဘယ်လုပ်မလဲ” ၏ ဆိုလိုရင်း သို့မဟုတ် Gu Beiyue ၏  “ကျွန်တော် စိတ်မပူဘူး” ဟူသော အဓိပ္ပါယ်ကို အဖြေမထုတ်နိုင်ပေ။ သူက အရိပ်မျိုးနွယ် ၏ကာကွယ်မှုအကြောင်းပြောနေခြင်းလား သို့မဟုတ်…

သို့တိုင် Gu Qishao မှ "မင်းသေရင် မဟာချင် ရဲ့ ဆေးပညာဌာနက ဘယ်လိုလုပ်မလဲ။" ဟုသာ မေးခဲ့သည်။

Gu Beiyue မှာ ယခင်အတိုင်း တည်ငြိမ်နေဆဲပင်။ "အဲ့တာက ကျွန်တော့်ကိုမလိုအပ်တာကြာပြီ။ ကျွန်တော်ထားခဲ့တာလည်း နှစ်နှစ်ကျော်ပြီ။"

"ငါကော ဘယ်လိုလုပ်ရမလဲ။" Gu Qishao မှာ တောင်းဆိုလိုက်လေသည်။

Gu Beiyue မှာ အံ့အားသင့်သွားပြီး ရုတ်တရက် ဘာပြန်ပြောရမှန်း မသိတော့ပေ။

တစ်ဖန် Gu Qishao မှာ မေးလိုက်ပြန်သည်။ "Qin Min နဲ့ Gu Nanchen ကောဘယ်လုပ်မလဲ။"

Gu Beiyue မှာပြန်ဖြေစရာ မရှိပြန်ပေ။

Gu Qishao မှာ ခါးသီးစွာ ရယ်မောလိုက်ပြီး စကားတစ်ခွန်းမှ မပြောပဲ လှည့်သွားတော့သည်။ Gu Beiyue မှာ သူ၏ နောက်သို့ လိုက်သွားလိုက်သော်လည်း Gu Qishao မှာ သူ၏ လက်ရှိခံနိုင်ရည်ဖြင့် အမီလိုက်ရန် အလွန်လျင်မြန်စွာ ပြေးထွက်သွားသည်။ Qin Min နှင့် အရိပ်လေးမှာ သူတို့၏ နောက်သို့ ကမန်းကတန်း လိုက်လာကြသည်။ Qin Min  မှာ Gu Beiyue ကို ရပ်တန့်လိုက်ပြီး အရိပ်လေးမှာ Gu Qishao ကို ဖမ်းလိုက်သည်။

Qin Min မှာ Gu Qishao ၏ "ဒါပေမယ့် ငါတို့ ဘာလုပ်ရမလဲ" ဟူသည့် စကားများပြီးနောက် တည့်တည့်မတွေးနိုင်တော့သကဲ့ သူမ နားမလည်ချင်တော့ပေ။ သူမ Gu Beiyue ကို နေကောင်း နေစေချင်သည်။ အကယ်၍ သူက လက်လျှော့ထားလျှင်တောင် သူမ မလျော့ချင်ပေ။ Gu Beiyue မှ သူမထံ ပေးခဲ့သည့် ဓားမြှောင်လေးကို ရေတံခွန်အောက်ရှိ ရေကန်နက်ကြီးထဲ ပစ်ချပြီးခဲ့ကြောင်း သူက မသိနိုင်ပေ။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now