အခန်း(၁၃၁၈)

107 18 0
                                    

အခန်း(၁၃၁၈)

ပြုပြင်ပြောင်းလဲမှုများ။






Gu Beiyue ၏ နှလုံးသားထဲမှ နှစ်ပေါင်းများစွာ ငြိမ်သက်မှုကို ဘာက နှောင့်ယှက်ခဲ့သည်လဲ။ သူ၏ ချောမောသည့် မျက်ခုံးတန်းများမှာ ဘာကြောင့် ထိုကဲ့သို့ ဝမ်းနည်းစရာကောင်းစွာ တွန့်ကျိုး နေသည်လဲ။ အကယ်၍ သူကိုယ်တိုင်တောင်မှ ၎င်းတို့ကို ချောမွေ့စေနိုင်ခြင်း မရှိလျှင် ဘယ်သူက လုပ်ဆောင်နိုင်မည်လဲ။

Qin Min မှာ သူ့ကို ကြာမြင့်စွာ တိတ်တဆိတ် ကြည့်နေသည်။ အစပိုင်းတွင် သူမ Gu Beiyue ထံ ရိုးရိုးရှင်းရှင်း ကြည့်နေခဲ့သော်လည်း ဖြည်းညင်းစွာဖြင့် သူမ၏ အကြည့်များမှာ စန္ဒာလ ပေါ်သို့ ပြောင်းရွေ့သွားသည်။ နွေညတစ်ညဖြစ်မှန်း သိသာလှသော်လည်း ကြယ်များ မရှိပေ။ ကောင်းကင်တွင် တောက်ပသော လသော်တာကိုသာ ချိတ်ဆွဲထားသည်။ အကြိမ်များစွာ၊ လမင်း၏အငွေ့အသက်များမှာ ကြယ်များကို လွှမ်းမိုးထားသည်။ အကြွင်းမဲ့ အလင်းရောင်အောက်တွင် တခြားဘာမှ မမြင်ရတော့ပေ။

Qin  Min  မှာ ဖြတ်လျှောက်လာသော်လည်း အမြဲတစေ သတိထားနေတတ်သော Gu Beiyue မှာ အမှန်တကယ်ပင် သတိမထားမိပေ။ သူမ သူ၏နောက်တွင် တည့်တည့် ရပ်လိုက်မှသာ သတိဝင်လာပြီး နှလုံးသားထဲတွင် ပြင်းပြင်းထန်ထန် တုန်လှုပ်ကာ သူမကို ပြန်လှည့်ကြည့်လိုက်သည်။

သူက အတွေးထဲ နစ်မြုပ်နေခဲ့သည်မှာ တော်တော်ကြာခဲ့ပြီပင်…

နှလုံးသားတွင် တုန်လှုပ်နေသည့်ကြားမှ သူ၏ အမူအရာမှာ ပုံမှန်အတိုင်း နူးညံ့သိမ်မွေ့ကာ နွေးထွေးနေဆဲပင်။ "အကြီးဆုံး သခင်မလေးချင်၊ အထဲမှာ ကိစ္စအားလုံး ပြေလည်သွားပြီလား။"

Qin Min  မှာ လဆီသို့ ကြည့်ကာ မေးလိုက်သည်။ "ရှင်ဘာကြည့်နေတာလဲ။"

သူမ သူ့ကို "မဟာ ပရိယတ်" သို့မဟုတ် "Gu Beiyue" ဟု မခေါ်ခဲ့ပေ။ သူတို့စကားပြောခဲ့ချိန်မှ ပထမဆုံးအကြိမ်အဖြစ် သူမ သူကို နာမည်လုံးဝမခေါ်ခဲ့ပေ။ Gu Beiyue မှာ ၎င်းကို နေသားမကျသော်လည်း Qin Min မှာ ထပ်မံ မေးလိုက်သည်။ "ရှင် ချင်အိမ်မှာ တစ်ချိန်လုံးရှိနေတာလား။ ရှင် ဒီကို ဘယ်လိုလုပ်ပြီး မြန်မြန် ရောက်လာနိုင်တာလဲ။"

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now