အခန်း(၁၃၄၁)

97 14 2
                                    

အခန်း(၁၃၄၁)

နောက်ကွယ်မှ ပံ့ပိုးခြင်း။






Ning Cheng မှာ Han Xiang ကို အချိန်မီ မတားလိုက်နိုင်သော်လည်း သူမ၏လက်မှာ အချိန်ကိုက် ရပ်တန့်သွားရသည်။ အတိအကျပြောရလျှင် အဝေးမှ ကျောက်တုံးတစ်တုံးက သူမကို ထိမှန်လာခဲ့သည်။ သူမ၏ လက်ဖဝါးကို ပြန်ရုတ်လိုက်လျှင် လက်ကောက်ဝတ်မှာ သွေးထွက်နေမှန်း တွေ့လိုက်ရသည်။

"အဲဒီမှာ ဘယ်သူရှိလဲ။ ကိုယ့်ကိုကိုယ် ပြ။  တကယ်လို့  အရည်အချင်းရှိတယ်ဆိုရင် အလစ်တိုက်ခိုက်မယ့်အစား ဒီသခင်မလေးကို ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ချေ။"

သူမ ချက်ချင်းပင် ကျောက်တုံးဆီသို့ လှမ်းကြည့်လိုက်သည်။ သူမကို ထိဝံ့သူတိုင်းက သတ္တိရှိသူပင်။ မကြာခင် အရပ်မြင့်မြင့်ဖြင့် အမျိုးသားတစ်ယောက်မှာ ဆန့်ကျင်ဘက် အဆောက်အဦးမှ ခုန်ဆင်းလာသည်။ အထူးသဖြင့် သူက ဓားသွားကဲ့သို့ မျက်ခုံးတန်းများနှင့် ကြယ်ရောင်မျက်လုံးများဖြင့် ချောမောသည်။ အဆင်တန်ဆာများ အလှဆင်ထားခြင်းမရှိသည် ရိုးရှင်းသော အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ထားသော်လည် သူ့တွင် ကြီးကျယ်ခမ်းနားသော မူလဇစ်မြစ်ကို လူတို့သိရှိစေသည့် မြင့်မြတ်သော အရှိန်အဝါ ထုတ်လွှတ်နေသည်။

"Shangguan Ze!"

Han Xiang  မှာ အလွန် အံ့အားသင့်သွားတော့သည်။ တိုက်ခိုက်သူမှာ ရှန့်ကွန်းမျိုးနွယ် ပထမဆုံးဇနီးမှ အကြီးဆုံးသခင်လေး ဖြစ်မည်ဟု သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။ အဆင့်သတ်မှတ်ချက်အရ သူက နက်နဲကုန်းမြေကြီး၏ လူသစ်တန်းစာရင်းတွင် သူမထက်သာလွန်နေသည်။ သူမ၏ ပထမဆုံး အတွေးမှာ-  ဤသူသည်လည်း လျှို့ပေကုန်သွယ်ရေးလုပ်ငန်းစုကို မျက်စိကျနေသည်လား။

Shangguan Ze မှာ ခံ့ညားသော အငွေ့အသက်ဖြင့် ရှေ့သို့ ခြေလှမ်းတစ်ချင်း လှမ်းလာသည်။ Han Xiang သည်လည်း ထိုကဲ့သို့ ဖိအားများကို ထုတ်လွှတ်လိုက်သော်လည်း၊ သူက သူမ၏ ရှေ့၌ ရပ်လိုက်သောအခါတွင် သူမထက် ခေါင်းတစ်လုံးစာ ပိုမြင့်ကာ သူ၏ အကြည့်များမှာ သူမအား ခြေဆုံးခေါင်းဆုံး စစ်ဆေးလိုက်သည်။ အေးစက်သောအကြည့်တစ်ချက်မှာ သူမအပေါ် မထီမဲ့မြင်ပြုမှုကို ပြရန် လုံလောက်နေသည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now