အခန်း(၁၃၃၇)

108 12 0
                                    

အခန်း(၁၃၃၇)

ကိုယ့်ကိုကိုယ် ဈေးပေါစွာ ရောင်းချခြင်း။







Cheng'er မှာအချိန်အတော်ကြာအောင် စဉ်းစားပြီးမှ Yujin အား ပြန်ဖြေရန် နောက်ဆုံးတွင် ဆုံးဖြတ်လိုက်သည်။ “ ငါ သူ့ကို မသတ်ချင်တော့ဘူး။"

Yujin မှာ သူမအား မယုံနိုင်စွာ ကြည့်နေစဥ် Cheng'er မှာ နတ်ဆိုးတစ်ကောင်ကဲ့သို့ ပြုံးကာ လျှို့ပေကုန်သွယ်ရေးလုပ်ငန်းစု တွင် ဖြစ်ပျက်ခဲ့သမျှအားလုံးကို သူမထံ ပြောပြလိုက်သည်။

"မင်းပြုံးနေနိုင်သေးလား။ တကယ်လို့ သူသာ နောက်ကျသွားရင် မင်းတစ်ဘဝလုံး အဆုံးသတ်သွားလိမ့်မယ်။" Yujin မှာ အလေးအနက် ပြောလိုက်သည်။

" တကယ်လို့ သူသာ နောက်ကျရင် ငါက သွေးစာတစ်စောင် ထားခဲ့ပြီး အဲဒီအခန်းထဲမှာ ခေါင်းတိုက် သေလိုက်မယ်။" Cheng'er မှ ပြန်ဖြေလိုက်သည်။

"ဘာသွေးစာလဲ။" Yujin မှာ စိတ်ဝင်တစား မေးလိုက်သည်။

Cheng'er မှာ ဤပြသနာကို အချိန်အတော်ကြာ စဉ်းစားလိုက်သည်။ "အခြေခံအားဖြင့်တော့ သူက ငါ့အလောင်းကို ကူသိမ်းပေးဖို့ တောင်းဆိုတာဘဲ။ မဟုတ်ရင် ငါ သူ့ကို တစ္ဆေအဖြစ်နဲ့တောင် ခြောက်နေလိမ့်မယ်။ ဒီလိုနည်းနဲ့ သူငါ့ကို တစ်သက်လုံး မေ့နိုင်မှာ မဟုတ်တော့ဘူး။"

Yujin မှာ သူမ၏ ရက်စက်ကြမ်းကြုတ်သော သဘောသဘာဝကို လေးလေးနက်နက် နားလည်ထားသဖြင့်  မျက်ခုံးပင့်လိုက်သည်။ "ဟေ့ မင်း တကယ်ကို အိမ်မပြန်ချင်ပဲ ဆွေမျိုးတွေကို အသိအမှတ်မပြုဘူးလား။"

Cheng'er မှာ ဂရုမစိုက်ပေ။ "ပြန်သွားရင်တောင် ငါ့အတွက် နေရာမရှိဘူး၊ ဒါ့ထက် ငါ့အကြွေးတွေကို အားချန်နဲ့ မဖြေရှင်းရသေးဘူး။"

ထိုအချိန်က Le Zheng မှာ သူမအား ပြန်ပေးဆွဲချင်ခဲ့ခြင်း မဟုတ်ပဲ သူမ၏ အလွန်ထက်မြက်သော အစ်မဖြစ်သူအား လိုချင်ခြင်းဖြစ်ကာ အမှားဖြင့် သူမကို ဖမ်းမိခဲ့သည်။ ဤအချက်အလက်ကို Le Zheng ၏လျှို့ဝှက်ဖိုင်များတွင် အသေးစိတ်မှတ်တမ်းတင်ထားသည်။ အကြောင်းပြချက်တစ်စုံတစ်ခုကြောင့် သူက ၎င်းတို့ကို ချန်ထားခဲ့မှန်း သူမ ခံစားမိသော်လည်း ဘာကြောင့်လဲမှန်း သေချာမသိပေ။ ဤနက်နဲကုန်းမြေကြီးမှာ အင်အားသည်သာ အရေးကြီးဆုံးသော ကမ္ဘာတစ်ခုဖြစ်သည်။ မျိုးနွယ်ကြီးများတွင်  ပထမဇနီး သို့မဟုတ် ကိုယ်လုပ်တော်မှ မွေးဖွားသည်ဖြစ်စေ အရေးမကြီးပေ။ အရည်အချင်းကို ရှေ့တန်းတင်ကြသည်။ သူမကဲ့သို့ အမှိုက်မှ ပြန်သွားလျှင်လည်း ကိုယ့်ကိုကိုယ် အရူးလုပ်မိလိမ့်မည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now