အခန်း(၁၂၁၃)

141 20 8
                                    

အခန်း(၁၂၁၃)

နောက်ဆုံးတော့ ပြန်ဆုံပြီ။






ဆယ်နှစ်လ၏ ဆောင်းအအေးဒဏ်အောက်တွင် Tang  Li မှာ အရူးတစ်ယောက်ကဲ့သို့ တောင်ပေါ်မှ ပြေးဆင်းလာကာ လရောင်အောက်တွင် အပေါ်ပိုင်း ဗလာဖြစ်နေသည်။ ဂိတ်မှ အစောင့်များမှာ မြင်ကွင်းကြောင့် တောင့်တင်းကာ ထိတ်လန့်သွားကြပြီး သူ၏ လမ်းမှ ဖယ်ပေးလိုက်ကြသည်။ သတိလွတ်နေသည့် မျိုးနွယ်ခေါင်းဆောင်မှာ သောင်းကျန်းနေသည်ဟုသာ ထင်မြင်နေကြသည်။ 

Tang Li မှာ မြင်းတစ်ကောင်ကို ခိုးယူကာ တိမ်တိုက်နယ်ပယ်ကုန်သွယ်ရေးလုပ်ငန်းစု ၏ ဦးတည်ရာသို့ အပြေးအလွှား ဒုန်းစိုင်းသွားတော့သည်။

Ning Jing မှာ တစ်ကိုယ်တည်း ခရီးထွက်လာသောကြောင့် အချိန်ကုန်သက်သာရန် မြင်းစီးလာသည်။ သူမ ထွက်လာသည်မှာ တစ်ရက်နီးပါးရှိပြီဖြစ်၍ ယခုအခါ ညစာစားရန် ရွာတစ်ရွာတွင် အနားယူနေသည်။ သူမ ညအိပ်ရန် မစီစဉ်ပဲ ခရီးဆက်ရန် ပြင်ဆင်နေသော်လည်း တိုးလာနေသည့် နှင်းမုန်တိုင်းမှာ သူမအား စောင့်ဆိုင်းရန် ဖိအားပေးနေသည်။ 

ညဉ့်နက်လာချိန်တွင် Tang  Li  မှာ လေနှင့် နှင်းကို အံတုကာ တူညီသော ရွာထဲသို့ ဝင်လာသည်။ အေးလွန်းသဖြင့် သွားများပင် တဆတ်ဆတ် ရိုက်ခတ်နေသော်လည်း သတိမထားမိပေ။ ဂိတ်မှ ဝင်လာပြီးနောက် အိမ်စုများကြား လှည့်လည်ကာ တစ်အိမ်ပြီး တစ်အိမ် ရှာဖွေနေသည်။ နှင်းမုန်တိုင်းမှာ အလွန် ပြင်းထန်သဖြင့် Ning Jing မှာ ယနေ့ညတွင် ဆက်သွားရန် နည်းလမ်း မရှိပေ။ ဤရွာသည် သူမဝင်ရောက်လာနိုင်သည့် အနီးစပ်ဆုံး ရွာပင်။

Tang Li မှာ ပထမအိမ်သို့ရောက်သောအခါ အဘွားကြီးတစ်ယောက်မှ ဝင်ပေါက်မှထွက်လာသည်။ Tang Li ကိုမြင်လိုက်သည်နှင့် ကြောက်လန့်ကာ သူ၏ မျက်နှာရှေ့တွင် တံခါးကို ဆောင့်ပိတ်လိုက်တော့သည်။သူက ထပ်ပြီး ခေါက်ကာ အော်လိုက်လေသည်။ "Ning Jing…. Ning  Jing မင်း အထဲမှာ ရှိလား။"

အိမ်အတွင်းမှ အသံမထွက်လာတော့သောကြောင့် Tang Li မှာ နောက်အိမ်သို့သာ စမ်းကြည့်နိုင်ခဲ့သည်။ သို့ရာတွင် ထိုနည်းလည်းကောင်းပင်။ Tang Li မှာ ဇက်ကြိုးကို ပစ်ထုတ်လိုက်ပြီး အခြားအဆောက်အအုံတစ်ခုတွင် ရှာရန် သွားလိုက်သော်လည်း အတွင်းရှိလူများမှာ သူ့ကိုမြင်သည်နှင့် တံခါးကိုပိတ်ကာ မေးခွန်းများမေးရန် အခွင့်အရေးပင် မပေးချေ။ သူက စိတ်မရှည်တော့ပဲ စိုးရိမ်တကြီးဖြင့် မြင်းပေါ်သို့ ပြန်တက်ကာ စပါးခင်းများကြား အပြင်းနှင်ရင်း အော်လိုက်လေသည်။ “Ning Jing… Ning Jing… Ning Jiing..  ထွက်လာခဲ့ပါ.. Ning Jing... ထွက်​လာခဲ့တော့.. ကိုယ် မင်းကိုရှာဖို့ ရောက်နေပြီ ထွက်လာခဲ့ပါတော့…”

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now