အခန်း(၁၂၃၀)

167 29 6
                                    

အခန်း(၁၂၃၀)

သမီးလေးတစ်ယောက် တောင်းဆိုခြင်း။





အခွင့်အရေးကို ဆုပ်ကိုင်ရင်း Long Feiye မှာ သူမ၏ဆံပင်များကို ဘေးသို့ သပ်ပေးလိုက်စဉ် Han Yunxi မှာ သူ့ကို တစ်ဖက်သို့ တွန်းထုတ်ကာ ထွက်ပြေးသွားတော့သည်။ Long Feiye မှာ သူမကို ပြေးခွင့်ပြုထားသော်လည်း သူမ ကမ်းနားမရောက်ခင် သူမ၏ ထွက်ပြေးရာလမ်းကြောင်းကို ပိတ်ဆို့ထားရန် ရေတံတိုင်းတစ်ခုကို လွှတ်လိုက်လေသည်။ 

သူမ ပြန်လှည့်ကာ စူးစိုက်ကြည့်လိုက်သည်။ “ရှင် ပိုဆိုးနိုင်သေးလား။"

“ဒါပေါ့။” Long Feiye မှာ စိတ်အခြေအနေကောင်းနေပြီး ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။ သူက လက်ကို အောက်ချလိုက်သည်နှင့် ရေများ ပြန်ကျလာပြီး Han Yunxi မှာ တစ်ဖန် စိုရွဲသွား တော့သည်။ သူမ၏ ပါးလွှာသော အဝတ်အစားများမှာ ခန္ဓာကိုယ်တွင် ကပ်နေသဖြင့် ဖောက်ထွင်းမြင်နေရကာ လှပသော သီးသန့်နေရာများကို ဖုံးကွယ်ထားရန် မဖြစ်နိုင်တော့ပေ။ Long Feiye ၏ လောင်မြိုက်သောအကြည့်များမှာ သူမ၏ရုပ်သွင်ပေါ်တွင် နားခိုနေပြီပင်။

အမှန်တော့၊ သူက ဤမျှလောက် ဆိုးသွမ်းနေလိုခြင်း မရှိပဲ သမီးလေးတစ်ယောက် တောင်းရမ်းခြင်းမပြုမီ လှည့်ပတ်ကစားရန်သာ ရည်ရွယ်ထားသော်လည်း... ထိုသို့သော မြူခိုးများဖုံးလွှမ်းနေသည့် မြင်ကွင်းက သူ့အား မရပ်မနား ဆိုးသွမ်းသော အတွေးများကို ပေးနေသည်။ နောက်ဆုံးအထိ ဆိုးချင်လာတော့သည်။

"Han Yunxi၊ ဒီကိုလာပြီး မင်းရဲ့အရှုံးကို ဝန်ခံချေ။"

Han  Yunxi မှာ ချက်ချင်းပင် ခေါင်းခါလိုက်သည်။ သူကသာ သူမကို လှည့်စားခဲ့ခြင်းမှာ  ရှင်းနေသဖြင့်  ဘာတစ်ခုမှ ဝန်မခံနိုင်ပေ။ သူမ၏ ခန္ဓာကိုယ်ကို ဖုံးကွယ်ရန် မျှော်လင့်ရင်း ပို၍ နက်ရှိုင်းသော ရေများဆီ ဦးတည်သွားလိုက်သည်။ မဟုတ်လျှင် သူက သူမကို ထွင်းဖောက် မြင်နိုင်နေလိမ့်မည်။ Long Feiye မှာ ကြွက်သားတစ်မျှင်မှမလှုပ်ပဲ သူမကို ရိုးရှင်းစွာကြည့်နေလေသည်။ Han Yunxi  မှာဦးခေါင်းမှလွဲ၍ ရေအောက်၌ အားလုံးနစ်မြုပ်ထားချိန်တွင် Long Feiye ကို သတိထား ကာကွယ်နေသည့် ယုန်ငယ်လေးတစ်ကောင်ကဲ့သို့ပင်။ သူမ၏ အရှုံးကို အသိအမှတ်ပြုခြင်း မပြုရန်  နှလုံးသားကို တွန်းလှန်နေပုံရသည်။ 

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now