အခန်း(၁၂၂၂)

181 26 8
                                    

အခန်း(၁၂၂၂)

ထွက်ပြေးလာခြင်း။









Tang Li ၏ အော်ဟစ်သံမှာ Long Feiye နှင့် Han Yunxi တို့၏ နှလုံးသားများကို ရပ်တန့်လုနီးပါးပင်။ 

Tang Li က ငါတို့ကို မှတ်မိနေတာလား။

Long Feiye မှာ Tang Li ၏ ပုခုံးပေါ် လက်တင်ကာ အံ့သြဝမ်းသာစွာ ကြည့်နေလေသည်။ သူ့ကို ကြည့်နေရင်း ဘာပြောရမှန်းမသိ ဖြစ်နေသည်။ အဆုံးတွင် သူ၏အကြီးကျယ်ဆုံးနောင်တမှာ ဤညီငယ် ဖြစ်နေဆဲပင်။ Han Yunxi မှာ ရှေ့တိုးလာကာ Ning Jing နှင့် Tang Li တို့ကြားကို ကြည့်လိုက်သည်။Long Feiye ကဲ့သို့ပင် သူမလည်း စကားမပြောနိုင်လောက်အောင် ဝမ်းသာနေသည်။ 

Tang  Li မှာ နှစ်သစ်ကူးအကြိုတွင် သူ့ကို ကြီးမားစွာ အံ့အားသင့်စေခဲ့သည်။

“သူက သတိပြန်ဝင်လာပြီ။ အခု သူက လူတိုင်းကိုသိပေမယ့် သတိလွတ်နေတဲ့ ရက်တွေကို မေ့သွားခဲ့တယ်။” Ning Jing မှာ ရှင်းပြလိုက်သည်။

"ဒါ...ဘယ်တုန်းကဖြစ်သွားတာလဲ။ မင်းနှစ်​​ယောက်​ဘာလို့ ဒီကို ရောက်နေတာလဲ။" Han Yunxi မှာ အလျင်အမြန် မေးလိုက်သည်။

“အဲဒါ… ဇာတ်လမ်းရှည်ကြီးပဲ…” Ning Jing မှာ ပြောရင်း တလေးတစားဖြင့် ရှေ့ကို တိုးလာသည်။ "Ning Jing က လေးစားရတဲ့ ဧကရီကို နှုတ်ဆက်ပါတယ်။"

Han  Yunxi မှာ သူမကို ထရန် အလျင်အမြန်ကူညီလိုက်သည်။ "ဒီမှာ အပြင်လူမရှိဘူး။ မင်းဘာလုပ်နေတာလဲ။"

Ning Jing မှာ ကျင့်ဝတ်များအား အလေးထားသော်လည်း Tang Li မှာ များစွာဂရုမစိုက်ပေ။ Long Feiye မှာ ဘယ်လို အဆင့်အတန်းမျိုးတွင် ဖြစ်စေ အမြဲတစေ သူ၏ အစ်ကိုကြီးပင်။ 

"မင်း အသိပြန်ဝင်လာတာ ကောင်းတယ်။" Long Feiye ၏ လေသံမှာ တည်ငြိမ်နေသော်လည်း Tang Li ၏ ပုခုံးများကို တင်းတင်းကျပ်ကျပ် ညှစ်လိုက်သည်။ ညီအစ်ကို၏ ခံစားချက်ကို မည်သည့်စကားမျှ မပြောပဲ ထုတ်ဖော်လိုက်သည်။

Han Yunxi မှာ ခံစားချက်များဖြင့် သက်ပြင်း မချပဲ မနေနိုင်ပေ။ "Long Feiye၊ ဒီနှစ်က နောက်ဆုံးတော့ ပြည့်စုံသွားပြီမဟုတ်လား။"

နှစ်သစ်ကူးအကြို၌ လုံးဝပြန်ကောင်းလာသည့် Tang  Li မှ သူတို့၏ ရှေ့တွင် ရပ်နေခြင်းမှာ .. ဤနှစ်အတွက်... နောင်တရစရာမရှိနိုင်တော့ပေ။ 

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now