အခန်း(၁၃၄၇)

93 15 2
                                    

အခန်း(၁၃၄၇)

အရှုပ်အထွေးကြောင့် နိုးလာခြင်း။







Yan'er နှင့် အရိပ်လေးတို့မှာ သူ့ကို တွယ်ကပ်ရန် ​ရောက်နေခြင်း မဟုတ်ပဲ မဟာပရိယတ်ကို ရှာရန်ဆိုလျှင်  Rui'er မှာ အလွန်အံ့သြသွားတော့သည်။ Yan'er မှာ သူမအစ်ကို၏ ကျောပေါ်တက်ပြီး သူ့ကို မော့ကြည့်လိုက်သည်။ " ကျွန်မတို့နဲ့လိုက်ခဲ့မလား။"

Rui'er မှာ သူ၏ မြင်းကို ချက်ချင်းရပ်ကာ မေးလိုက်သည်။ "ဒီကိစ္စက အမှန်လား။"

" ကျွန်မ အစ်ကို့ကို ဘယ်တုန်းက လိမ်ခဲ့လို့လဲ.. ဟဲဟဲ။ လိုက်မှာလား မလိုက်ဘူးလား။" Yan'er မှာ ပြုံးနေလျှင် မျက်လုံးများမှာ အန္တရာယ်ကင်းစွာဖြင့် ကွေးညွှတ်ကာ သူမမည်မျှ ဆိုးသွမ်းပြီး ဝမ်းတွင်းနက်သည်ကို အလွယ်တကူ မေ့သွားနိုင်သည်။

Rui'er မှာ အလွန်ပျော်ရွှင်နေပုံရပြီး တောက်ပသောအပြုံးဖြင့် ပြန်ပြောလိုက်သည်။ "ကောင်းလိုက်တာ။"

Yan'er မှာ သူ၏ တုံ့ပြန်မှုကြောင့် ဝမ်းသာအားရဖြစ်ပြီး အရိပ်လေးကို ချက်ချင်း မျက်စိမှိတ်ပြလိုက်သော်လည်း Rui'er မှာ ဆက်ပြောလိုက်လေသည်။ "ကောင်းပြီ။ မင်းတို့နှစ်ယောက် ကိုယ်ဘာသာ သွားကြ။"

Yan'er ၏ အမူအရာမှာ အေးခဲသွားစဥ် Rui'er မှာ သူမကို အရိပ်လေး၏ ရှေ့တွင် ထားရန် နောက်ကျောမှ ချပေးလိုက်သည်။  သူက အရိပ်၏ခေါင်းကို ပွတ်သပ်ကာ ပြောလိုက်သည်။ "ဒါဆို ငါ့ညီမကို မင်းဆီထားခဲ့မယ်။ ကောင်းကောင်းခရီးထွက်ကြ။"

သူက အရိပ် နှင့် အသက်အရွယ်တူကာ အရပ်ရှည်ခြင်းမရှိသည်မှာ သိသာထင်ရှားသော်လည်း တစ်ဖက်၏ခေါင်းကို ပွတ်ရင်း အကိုကြီးတစ်ယောက်လို ပြုမူနေသည်။ ပို၍အရေးကြီးသည်မှာ အရိပ်မှာ အမှန်တကယ် ပြုံးပြီး မသိစိတ်ဖြင့် ခေါင်းညိတ်လိုက်သည်။

Yan'er မှာ ချက်ချင်း ခြေဖျားထောက်ကာ အရိပ်၏ နောက်ကျောကို ပုတ်လိုက်လေသည်။ "ဘာလို့ ခေါင်းညိတ်နေတာလဲ။"

အရိပ်မှာ သတိပြန်ဝင်လာကာ ခေါင်းကုတ်လိုက်သည်။ သူက စကားမပြောသော်လည်း ခြေတစ်လှမ်းဆုတ်သွားသည်။ မျှော်လင့်ထားသည့်အတိုင်း Yan'er နှင့် Rui'er မှာ တစ်ယောက်နှင့်တစ်ယောက် စကားစမြည်ပြောရင်း သူ့ကို စကားများများစားစား မပြောကြတော့ပေ။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now