အခန်း(၁၃၁၃)

107 15 0
                                    

အခန်း(၁၃၁၃)

ဇနီး။









အခြေအနေမှ ပို၍ ဆိုးသထက်ဆိုးလာသည်ကိုမြင်လျှင် Shaoyao မှာ အော်လိုက်လေသည်။ "လမ်းဖယ်၊ တကယ်လို့ အတိုက်ခံရရင် နောက်ဆက်တွဲအကျိုးဆက်တွေကို တာဝန်ယူရမယ်။"

သူမ လက်လျော့ကာ ဘီးတပ်ကုလားထိုင်ကို ရှေ့သို့ အရူးအမူးတွန်းသွားလိုက်လျှင် လူတိုင်းမှာ လမ်းဖယ်ရန် ဖိအားပေးခံလိုက်ရသည်။ သို့ရာတွင် သူတို့၏ နောက်မှ  လမ်းကြားတစ်ခုထဲသို့ တစ်လျှောက်လုံး လိုက်လာကြဆဲပင်။ မြင်းလှည်းကို ထိုနေရာတွင် ရပ်ထားသည်။ ထို့ကြောင့် ဝင်ရန် ပိုလွယ်နိုင်သည်။ သို့သော် လူအုပ်ကြီး၏ မျက်လုံးများအောက်တွင် Qin  Min မှာ မြင်းလှည်းပေါ် သူမကိုယ်တိုင် မတက်နိုင်ပေ။ Shaoyao တွင်လည်း သူမအား ကူညီရန် ခွန်အား မရှိပေ။ မြင်းလှည်းသမားမှာ Gu Beiyue ၏ လက်အောက်ငယ်သားများထဲမှ တစ်ယောက်ဖြစ်ပြီး အသက် ဆယ့်သုံးနှစ်မှ ဆယ့်လေးနှစ်အရွယ် လူငယ်တစ်ဦးသာ ဖြစ်သည်။ သူကလည်း သူမကို မကူညီနိုင်ပေ။

အခု ဘာလဲ…..

Qin Min မှာ သူမအား ကြောင်ကြည့်နေသည့် Shaoyao ကို ကြည့်လိုက်သည်။ ဆေးပညာသင်တန်းကျောင်းမှာ မြောက်ဘက်တွင်ရှိသောကြောင့် ဘီးတပ်ကုလားထိုင်သို့ မပြောင်းမီ သူတို့က ဤနေရာအထိ မြင်းလှည်း စီးလာခဲ့သည်။ Shaoyao မှာ သူမကို တစ်လျှောက်လုံး ပြန်တွန်းသွားသင့်သလား။

အခြေအနေမှ အဆင်မပြေတော့သည်အား မြင်လျှင် လူငယ်မှာ Shaoyao ကို တီးတိုးလေးပြောလိုက်သည်။ " တစ်ယောက်ယောက် မြန်မြန်သွားရှာ..ကျွန်တော်က ထိန်းထားပေးမယ်။"

Shaoyao မှာ Qin Min မှ ခေါင်းငြိမ့်ပြသည်ကို မမြင်မချင်း မသွားဝံ့ပေ။ သူမ မျက်နှာဖုံးကို မဖယ်ပဲ ခေါင်းငုံ့ကာ တိတ်ဆိတ်နေခဲ့သည်။ ကောင်ကလေးမှာ သူမ၏ ရှေ့တွင် ကာထား၍ အောာ်လိုက်လေသည်။ "မင်းတို့ အားလုံးဘာလုပ်နေတာလဲ၊ ဖယ်ကြ၊ သွားကြတော့။"

"မင်းဘာကြည့်နေတာလဲ၊ သခင်မကို စော်ကားမော်ကား ပြုနေတာလား၊ ပုန်ကန်ဖို့ကြိုးစားနေတာလား။ မင်းနဲ့မင်း ပြီးတော့ ဟိုနားက တစ်ယောက် မင်းတို့နာမည်ဘယ်လိုခေါ်လဲ။ ဘယ်မိသားစုကလဲ။"

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now