အခန်း(၁၂၉၀)

107 17 2
                                    

အခန်း(၁၂၉၀)

ဝိုင်းရံထားခြင်း။




တောရိုင်းဝံပုလွေများ၏ ပေါင်းထည့်မှုကြောင့် နှင်းကျားသစ်ငါးဆယ်မှာ ချက်ချင်းဆိုသလို စိတ်ဓာတ် တက်ကြွလာပြီး Mu Linger နှင့် ကျားဖြူကြီးတို့ကို ပြန်လည် ဝိုင်းလိုက်ကြသည်။ ၎င်းတို့၏ မဟာမိတ်များမှာ အနီးကပ်လိုက်လာ၍ အလယ်ဗဟိုရှိ မိန်းကလေးနှင့် သားရဲအား ဧရာမစက်ဝိုင်းတစ်ခုအဖြစ် ဝိုင်းဖွဲ့လိုက်ကြသည်။

အဖြူရောင်ကြီးမှာ Mu Linger ၏ ပတ်ပတ်လည်တွင် လှည့်ပတ်နေချိန်တွင် တစ်လှမ်းပင် ဝေးသွားရမည်ကို စိုးရိမ်နေသည်။ သူက တောရိုင်းတိရစ္ဆာန်များကို စိုက်ကြည့်ကာ နှိမ့်ချသောသတိပေးသံကို ထုတ်လွှတ်လိုက်သည်။ သို့သော် ကျားသစ်နှင့် ဝံပုလွေများမှာ ၎င်းတို့၏ ကြောက်ရွံ့မှုကို ဖယ်ရှားရန် ၎င်းတို့၏ အရေအတွက် အားကိုးကြနေသည်။ ရှေ့တန်းမှ ကျားသစ်အနည်းငယ်မှာပင် ပြန်၍ဟိန်းဟောက်လာကြသည်။

"ဝေါင်း…” အဖြူရောင်ကြီးမှာ ရုတ်တရက် ဟိန်းဟောက်လိုက်လျှင် ကျားသစ်များမှာ ကြောက်ရွံ့ကာ နောက်ဆုတ်သွားကြသည်။ သို့သော် ၎င်းတို့မှာ အဝေးသို့ရွေ့သွားခြင်း မရှိပဲ  သားကောင်ကဲ့သို့ နှစ်ယောက်ကို စိုက်ကြည့်နေကြသည်။

Mu Linger မှာ ၎င်းတို့၏ ရန်လိုမှုများကို ကောင်းစွာ သိရှိပြီး သူမ၏ ဓားမြှောင်ကို ထုတ်ယူကာ တီးတိုးပြောလိုက်သည်။ “ငါ့အတွက် စိတ်မပူနဲ့ အဖြူရောင်ကြီး။”

အကယ်၍ လူ့စကားပြောကို နားလည်နိုင်လျှင် အဖြူရောင်ကြီးမှာ Mu Linger ကို သူ၏ သခင်အတိုင်း သူမ၏ တုံးအမှုအတွက် ကြိမ်းမောင်းနေလိမ့်မည်။ Mu Linger ကိုကာကွယ်ရန်မဟုတ်လျှင် အဖြူရောင်ကြီးမှာ ကြမ်းတမ်းသော သားရဲကောင်များကိုပင် ကြောက်နေမည်မဟုတ်ပေ။ သို့သော် အာရုံစူးစိုက်မှု လျော့ပါးသွားသည့် တစ်ခဏတွင်ပင် သူမက အကိုက်ခံရနိုင်သောကြောင့် သူ၏ အနိုင်ရရန် အခွင့်အလမ်း နည်းပါးသွားခဲ့သည်။ ထို့ကြောင့် တိုက်ခိုက်ရန် တုံ့ဆိုင်းကာ သူမ၏ ပတ်ဝန်းကျင်တွင် လှည့်ပတ်နေရသည်။ Mu Linger ကို ဝံပုလွေများနှင့် ကျားသစ်များမှ တိုက်ခိုက်ရန် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ထားနိုင်သွားရန်အတွက် သူက ခြေလှမ်းတစ်ဝက်မျှ မထားခဲ့နိုင်ပေ။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now