အခန်း(၁၃၄၈)

79 17 2
                                    

အခန်း(၁၃၄၈)

ပွေ့ဖက်မှု။







အရိပ်လေး၏ စကားကို ကြားပြီးနောက် Rui'er မှာ တစ်စုံတစ်ရာ မှားနေပြီဟု ခံစားမိသည်။ သူက အရိပ်နှင့် Yan'er ဖြင့် ဆွေးနွေးရန် အနီးကပ်လာခိုင်းလိုက်သည်။

"မဟာပရိယတ်က ဆေးပညာရာဌာနကို သတင်းပို့တဲ့ နေရာက အတုလား။ ဘာလို့လဲ။" သူက လေးလေးနက်နက် မေးလိုက်သည်။

အရိပ်မှာ ခေါင်းယမ်းလိုက်သည်။ "အဖေ့မှာ အကြောင်းပြချက်တစ်ခုရှိရမယ်။"

Yan'er မှာ သူ့ကို မျက်စောင်းထိုးလိုက်လေသည်။ "သိသာတာကို။"

အရိပ်လေးမှာ တစ်စုံတစ်ရာ လွဲချော်နေသည်ကို သတိထားမိခဲ့သည်မှာ အတော်ကြာပြီ ဖြစ်သော်လည်း မိဘများနှင့် တွေ့ဆုံပြီးနောက် သိနိုင်လိမ့်မည်ဟု ယူဆကာ ရိုင်းစိုင်းသော အတွေးများကို မတွေးတော့ပေ။ လျှို့ဝှက်ချက်ကို ပေါက်ကြားခွင့် မပြုကြောင်း အမေမှ ရှင်းရှင်းလင်းလင်း ပြောထားခဲ့သည်။ သို့ရာတွင် သူက လျှို့ဝှက်စာလက်ခံရရှိသောနေ့တွင် မင်းသမီးယန်ဖြင့် တိုးမိကာ ဖော်ထုတ်ခံလိုက်ရသည်။ ရွေးချယ်စရာမရှိသဖြင့် မင်းသမီးယန်ထံသာ လျှို့ဝှက်ထားရန် တောင်းဆိုနိုင်သည်။ မင်းသမီးယန်မှာလည်း တစ်စုံတစ်ရာ မှားနေသည်ကို ခံစားမိပြီး သူမ၏ မိဘများကို ချက်ချင်းပြောပြရန် အော်ဟစ်နေခဲ့သည်။ အဆုံးတွင် သူမအား တားဆီးရန်အတွက် နန်းတော်မှ အဆုံးမဲ့တောင်သို့ ခေါ်ဆောင်သွားရန်သာ သဘောတူနိုင်သည်။

ထုံးစံအတိုင်း အကယ်၍ မင်းသမီးယန်ကို နန်းတော်မှ ခေါ်ဆောင်လျှင် အရိပ်အစောင့်အဖွဲ့ကြီးမှာလည်း လိုက်လာလိမ့်မည်။ အကူအညီမဲ့စွာဖြင့် အရိပ်မှာ အရှင့်သား အိမ်ရှေ့စံကိုသာ ရှာတွေ့နိုင်ည်။ အရိပ်အစောင့်များကို ရှောင်ရန် သူတွင် အကြံဥာဏ်များ ရှိနိုင်မှန်း သူက သိနေသည်။

"အရိပ်၊ မင်းမိဘတွေ တစ်ခုခုဖြစ်နေနိုင်မလား။" Rui'er မှာ လေးလေးနက်နက် မေးလိုက်သည်။

အရိပ်မှာ ပြန်မဖြေသော်လည်း သူ၏ ညင်သာသော မျက်လုံးများမှာ မှိန်ဖျော့သွားတော့သည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now