အခန်း(၁၂၀၁)

186 28 0
                                    

အခန်း(၁၂၀၁)

မင်္ဂလာဆောင်။ မူမမှန်မှုအား ရှာဖွေတွေ့ရှိသွားခြင်း။







သတို့သမီးအခမ်းအနားမှာ Gu Beiyue ၏အိမ်ရှေ့တွင်ရပ်သွားသည်။ ထို့နောက် သတို့သမီး ဝေါယာဥ်တံခါးကို ကိုယ်တိုင်ကိုယ်ကျ ကန်ပြီး သတို့သမီးကို သူ၏ နောက်ကျောတွင် ပိုးလာလေသည်။ တောက်ပနေသော အနီရောင် မျက်နှာပုဝါမှာ သူမ၏မျက်နှာကို ဖုံးအုပ်ထားသော်လည်း သူမ၏အသွင်အပြင်မှ ကြည့်လျှင်  သာမာန် အရပ်အမောင်းနှင့် ပိန်သွယ်သူ ဖြစ်နိုင်သည်။ Gu Beiyue မှ သူမကို သယ်ထားစဉ် သူမ၏ ၀တ်စုံများမှာ ခြေထောက်များကို ဖုံးကွယ်ထားသည်။ သူမ၏ အထူးအမှတ်အသားအား ဖြစ်သည့် ခြေထောက်များ ချိနဲ့နေသည်ဆိုကြောင်း တစ်မြို့လုံးမှ သိထားခဲ့ခြင်းမဟုတ်ရင် လမ်းမလျှောက်နိုင်သူတစ်ယောက်မှန်း ဘယ်သူမှ သိနိုင်မည်မဟုတ်ပေ။  

ဆေးပညာသင်တန်းကျောင်းတစ်ခုလုံးမှာ သူတို့ ကျောင်းအုပ်၏ လက်ထပ်ပွဲတွင် ရှိနေခဲ့သည်။ နှစ်ဖက်စလုံးတွင် အတန်းလိုက် ရပ်နေကြသဖြင့် ကျန်လူများမှာ နောက်တွင်သာ ရပ်နေကြရသည်။ ခြံဝန်းထဲတွင် မီးပုံးများ ထွန်းညှိထားခြင်း မရှိသည့်အတွက် လူအုပ်ကြားတွင် တီးတိုးသံများ ထွက်ပေါ်လာသည်။ သို့တိုင် လက်ထောက်သင်တန်းကျောင်းကျောင်းအုပ်၊ အကြီးအမှူးများ၊ အကြီးအကဲမှာ မကြည်ဝံ့ကြပေ။လက်ထောက်သင်တန်းကျောင်း ကျောင်းအုပ်ရှန် ပင်လျှင် Gu Beiyue မှာ အကြီးဆုံးသခင်မလေးချင် ကိုလက်ထပ်ရန် ရှုပ်ထွေးသော အကြောင်းပြချက်များ ရှိနေသည်ဟု ခံစားမိနေလေသည်။ ဤလူအိုကြီးများအားလုံးမှာ သူတို့၏ ငယ်ရွယ်သော သင်တန်းကျောင်း ကျောင်းအုပ်မှ  ဘာဆက်လုပ်မယ်ဆိုသည်ကို အဖြေရှာရန် ကြိုးစားနေကြသည်။

Gu Beiyue မှာ အကြီးဆုံးသခင်မလေးချင် ကို ပထမဆုံး ခြံဝန်းနှစ်ခုသို့ ခေါ်ဆောင်လာသော်လည်း တတိယ ခြံဝန်း မရောက်မီ ရပ်တန့်လိုက်လေသည်။သူက တီးတိုးပြောလိုက်သည်။ “အထဲက လူတွေက စူးရှတဲ့ မျက်လုံးတွေနဲ့ ပါးနပ်တဲ့စိတ်သဘောထား ရှိတယ်။ မင်း ကျွန်တော့်ကို ဖက်ထားရင် ပိုကောင်းလိမ့်မယ်။"

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now