အခန်း(၁၂၇၀)

109 17 0
                                    

အခန်း(၁၂၇၀)

ပျော်ရွှင်မှု။





Han Yunxi မှာ အောင်မြင်သွားသည်။

တစ်နေကုန် အလုပ်လုပ်ပြီးနောက် ရေသန့်အိုးကြီးတစ်အိုးကို ပေါင်းခံထားသော ဟင်းချိုအိုးကြီးအဖြစ်သို့ ပြောင်းလဲလိုက်နိုင်သည်။ အလွန်မွှေးကြိုင်ပြီး စွဲမက်ဖွယ်ကောင်းသောအနံများလည်း ပျံ့လွင့်နေသည်။ စားတော်ကဲများအားလုံးသည် အစားသမားများဖြစ်ကြပြီး ဟင်းချို၏အရသာကို အနံ့ဖြင့်ပင် ခန့်မှန်းနိုင်သည် ။ သူတို့က အံ့ဩ ဝမ်းသာနေကြပြီး အရသာကို ခွဲခြမ်းစိတ်ဖြာနိုင်ရန် တတ်နိုင်သမျှ အမြန်ဆုံး မြည်းစမ်းရရန် မျှော်လင့်နေကြသည်။

နှစ်အတော်ကြာ ချက်ပြုတ်နေခဲ့သော်လည်း ဧကရီ၏ဟင်းချိုကဲ့သို့ အရသာရှိပြီး မွှေးကြိုင်သော တစ်ခုခုကို ပြုလုပ်ချင်ကြသေးသည်။ Han Yunxi မှာလည်း သူမ၏ လက်ရာကြောင့်လည်း အံ့အားသင့်နေသည်။ သူမက ဟင်းချိုပန်းကန်လေးကို ကြည့်ပြီး သွားရည်ကျလုမတတ်ပင်။ မမြည်းစမ်းရသေးလျှင်တောင် အရသာကောင်းမှန်း သူမ သိနေသည်။

သို့သော်!

သူမ ကိုယ်တိုင် အရသာ စမ်းသပ်မှုကို လုပ်ဆောင်လိုနေသေးသည် ။ ဂရုတစိုက်ဖြင့် ပါးစပ်အပြည့် တစ်ဇွန်း ခပ်ကာ ပထမဆုံး မြည်းစမ်းလိုက်သည်။

“အိုး…” သူမ မထိန်းနိုင်ပဲ ပြောလိုက်သည်။ “အွန်း.. အွန်း…အွန်း.. အရသာက ရှယ်ပဲ။”

၎င်းကိုမြင်လျှင် အခြားစားတော်ကဲများ အားလုံးမှာလည်း မျှော်လင့်ချက်များ ကြီးထွားလာတော့သည်။ Han Yunxi မှာ ဒုတိယတစ်ဇွန်းကို သောက်လိုက်ပြီး သူမ၏မျက်နှာတွင် ပျော်ရွှင်မှုအပြည့်ပင်။ “အမ်း….အရသာက ကမ္ဘာ့အဆင့်မီတယ်!”

စားတော်ကဲများမှာ သူမ၏ သိသာထင်ရှားသော ကျေနပ်မှုကြောင့် မနေနိုင်ပဲ တံတွေးမြိုချလိုက်သည်။ Han Yunxi မှာ ကျန်ဟင်းရည်များကို အကုန် သောက်လိုက်ပြီး နှုတ်ခမ်းသပ်ကာ မီးဖိုချောင်ဝန်ထမ်းများဘက်သို့ လှည့်လိုက်သည်။ "အရမ်းအရသာရှိတယ်၊ ငါမလိမ်ဘူး။"

စားတော်များအားလုံးမှာ ဒူးထောက်လိုက်ကြသည်၊။ “လေးစားရတဲ့ ဧကရီကို  ဂုဏ်ပြုပါတယ်။ နောက်ဆုံးတော့ လေးစားတဲ့ဧကရီက ဟင်းချိုချက်ရသွားတဲ့အတွက် ဂုဏ်ပြုပါတယ်။”

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now