အခန်း(၁၃၆၇)

111 16 0
                                    

အခန်း(၁၃၆၇)

သူက သူမကိုသာ ဘေးတွင် ရှိနေစေချင်သည်။






အသေးလေးနှင့် အရိပ်တို့သည် Yan'er ၏ အရိပ်အယောင်ကို မတွေ့ရှိရပဲ ရေခဲပြင်တစ်ဝိုက်တွင် တစ်ညလုံး ရှာဖွေခဲ့ကြသည်။ အရိပ်မှာ  ပင်လယ်ကိုဖြတ်ကာ ဆက်လက်ရှာဖွေရန် နက်နဲကုန်းမြေကြီးသို့ ဦးတည်သွားမိလုနီးပါးပင် ။ သို့သော် အဆုံးတွင်တော့ သူက ထိန်းချုပ်ထားလိုက်သည်။ Yan'er ကိုရှာရန် အဖေမှာ ဘယ်တော့မှ အရှုံးပေးမည်မဟုတ်မှန်း သူက သိနေသည်။ ထိုကြောင့် သူ့ကိုဒုက္ခထပ်မပေးချင်ပေ။ သူက အသေးလေးဖြင့် အတူ ပြန်ရောက်လာချိန်တွင် Rui'er မှာ မျက်ရည်များ စိုစွတ်နေဆဲဖြင့် နိုးလာသည်။ သို့ရာတွင် သူက ယခင်ကထက် ပို၍ သန်မာလာခဲ့သည်။

အသေးလေးမှာ ကြီးမားသော နှင်းဝံပုလွေအဖြစ်သို့ ပြောင်းလိုက်ပြီး Rui'er ဆီသို့ ဦးတည်သွားကာ သူ၏ရှေ့တွင် ဝပ်နေလိုက်သည်။ သူ၏ဦးခေါင်းကို အသုံးပြုကာ Rui'er ၏ခြေဖဝါးများကို ပွတ်သပ်ရင်း နှစ်သိမ့်ပေးနေသည်။ Rui'er မှာ သူ၏ ခေါင်းကို ပွတ်ပေးကာ  ကျောပေါ်တွင် ထိုင်လိုက်သည်။ Gu Beiyue မှာ နောက်မှ လိုက်သွားလေသည်။ Gu Qishao နှင့် Tang Li တို့မှာ လိုက်သွားချင်သော်လည်း Gu Beiyue နှင့် ရန်မဖြစ်ပဲ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။ နှင်းဝံပုလွေမှာ Gu Beiyue နှင့် Rui'er တို့အား  မည်းနက်နေသော ရေခဲပြင်ကိုဖြတ်၍ ရေခဲဂူ၏အလယ်ဗဟိုသို့ သယ်ဆောင်သွားသည်။ မနေ့ညတွင် သူက အရိပ်လေးအား ဤနေရာသို့ ခေါ်လာခဲ့ပြီး အလွန်ကြာအောင် ဝမ်းနည်းစွာ ငိုကြွေးနေမှန်း အရိပ်လေးသာ သိလေသည်။

သူတို့ ဆင်းသက်ပြီးသည်နှင့် Gu Beiyue မှာ ဂူအောက်ရှိ ရေခဲများ၏ အရောင်မှာ အဖြူရောင်ဖြစ်နေစဥ် ရေခဲပြင်တစ်ခွင် စုပြုံနေသည့် အဆိပ်များမှာ မျက်နှာပြင်မှ သုံးချီသာ နက်ကြောင်း သတိထားမိလိုက်သည်။ သို့တိုင် ဤအရာက နက်နဲကုန်းမြေကြီးရှိ မည်သူမဆို ဖြတ်ကျော်လာခြင်းမှ တားဆီးရန် လုံလောက်လေသည်။

“ဆရာ၊ အဖေနဲ့ အမေက ဒီမှာရှိတယ်။” Rui'er မှာ အက်ကွဲစွာ ပြောလာသည်။

Gu Beiyue မှာ လှည့်ကြည့်လိုက်လျှင် Rui'er နှင့် နှင်းဝံပုလွေတို့မှာ  ရွှမ်ရေခဲ အပိုင်းတစ်ခု၏ထိပ်တွင် ၎င်းကို ပွေ့ဖက်ရန် ရှိနေသည်ကို တွေ့လိုက်ရသည်။ သူက လျှောက်သွားပြီး အနီးကပ်ကြည့်လိုက်သည်။ ရှင်းရှင်းလင်းလင်းမြင်ရရန် ခက်ခဲသော်လည်း သူက ရေခဲတွင်း ပိတ်မိနေသည့် Han Yunxi နှင့် Long Feiye တို့၏ အသွင်အပြင်အပြင် သူတို့၏တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတဲ့ လက်များကိုပါ ပုံဖော်နိုင်လေသည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now