အခန်း(၁၃၃၄)

100 12 0
                                    

အခန်း(၁၃၃၄)

ပိုက်ချခြင်း။







လျှို့ပေကုန်သွယ်ရေးလုပ်ငန်းစု၏ အဓိကရုံးချုပ်မှာ နက်နဲကုန်းမြေကြီး၏ တောင်ပိုင်းရှိ အကြီးဆုံးမြို့ဖြစ်သည့် ဖင်းယန်မြို့ တွင် တည်ရှိသည်။ ကြောင့်ကြမဲ့ ပျော်ရွှင်မှုမှာ နေဝင်မြို့ ဟုခေါ်သော ၎င်း၏မြောက်ပိုင်းဒေသရှိ သေးငယ်သောမြို့တစ်မြို့တွင် တည်ရှိသည်။

ကြောင့်ကြမဲ့ပျော်ရွှင်မှု ၏ဂုဏ်သတင်းမှာ မြို့ကိုယ်တိုင်ထက် အဆပေါင်းများစွာ ကြီးမားသောကြောင့် နေဝင်မြို့ သို့လာရောက်သူအများအပြားမှာ ကြောင့်ကြမဲ့ပျော်ရွှင်မှု ကိုသာ အမှန်တကယ် ရည်ရွယ်ခဲ့ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ နေဝင်မြို့ "ပန်းပွင့်မြို့" ဟု အမည်ရခဲ့ပြီး အလည်လာသူများမှာ "ပန်းများ" နှင့် မြက်ပင်များ ခုတ်ထွင်ရန်လာကြသည်ဟု ယူဆကြသည်။

အားလုံးမှာ Cheng'er ကြောင့်ပင်။ ဆိုရိုးစကားအတိုင်း အမျိုးသမီးတစ်ဦးမှာ အခြားအမျိုးသမီးများကို ရွေးချယ်ရာတွင် ပို၍ ထိုးထွင်းသိမြင်နိုင်သည်။ ကြောင့်ကြမဲ့ပျော်ရွှင်မှု ၏မိန်းကလေးများအားလုံးကို သူမကိုယ်တိုင် ရွေးချယ်ခဲ့သောကြောင့် Cheng'er မှာ သက်သေပင်။ ဆောင်ကြာမြိုင်၏ အအောင်မြင်ဆုံး ကဏ္ဍမှာ  ပွဲဦးထွက်ကတည်းက မျက်နှာဖုံးကို ၀တ်ဆင်ထားခဲ့ပြီး မည်သည့်အချိန်မှ မျက်နှာမပြသည့် တည်ထောင်သူ ဟွားကွေ့  ဖြစ်သည်။ သို့သော်လည်း သူမ၏ ထူးချွန်သော အကစွမ်းရည်ကြောင့် တစ်ကြိမ်လျှင် ထောင်ပေါင်းများစွာ လောင်းကြေးထပ်သည်အထိ ရူးသွပ်နေသော မရေမတွက်နိုင်အောင် အမျိုးသားများကို အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့သည်။ ဖျော်ဖြေမှုတစ်ခုတည်းကပင် ယောက်ျားတစ်ယောက်၏ နှလုံးသားကို အနိုင်ယူနိုင်လောက်အောင်ပင်။

ယနေ့ညတွင်၊ ကြောင့်ကြမဲ့ပျော်ရွှင်မှုမှာ ဟွားကွေ့  ၏ အသွင်အပြင်များကိုလေလံတင်ရန်အတွက် "အကြည့်တစ်ချက်၏ ကံတရား" ဟုခေါ်သော လေလံပွဲကိုကျင်းပနေသည်။ မည်သူမဆို အနိုင်ရလျှင် ဟွားကွေ့၏ မျက်နှာအစစ်အမှန်ကို မြင်နိုင်လိမ့်မည်။ လက်ရှိတွင် ရုံတွင်း၌ လူများပြည့်နေပြီး ထိုင်ခုံများမှာလည်း ပြည့်နေသည်။ နောက်တန်းတွင် ရပ်နေသူသူများပင် ဝင်ခွင့်ရရန် ငွေပေးရသည်။ လေလံမစသေးသော်လည်း Cheng'er မှာ ငွေအမြောက်အမြားရရှိထားပြီပင်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now