အခန်း(၁၂၃၁)

156 22 2
                                    

အခန်း(၁၂၃၁)

ချီရန် တောင်းဆိုခြင်း။







ရူအာ၏ အသနားခံမှုများဖြင့် ရင်ဆိုင်ရလျှင် Long Feiye မှာ ဘယ်လိုတုံ့ပြန်ရမလဲ မသိတော့ပေ။  သားဖြစ်သူမှာ မွေးဖွားပြီးကတည်းက ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် ချီရန် တောင်းဆိုခဲ့ခြင်းပင်။ ၎င်းမှာ Han  Yunxi ပင် အပြည့်အဝ နားမလည်နိုင်သော သူ၏ နှလုံးသား အနက်ရှိုင်းဆုံးတွင် ဖုံးကွယ်ထားသည့် ဆန္ဒတစ်ခုလည်း ဖြစ်ခဲ့သည်။ သူက အဖေဖြစ်သူထံမှ မည်သည့်အချိန်ကမှ ချီထားခံရခြင်း မရှိခဲ့ပေ။ ကိစ္စများကို မှတ်မိရန် လုံလောက်စွာ အသက်ကြီးလာချိန်တွင် အမေမှ သူ့ကို လက်တစ်ဆုပ်စာ အကြိမ်မျှသာ ဖက်ခဲ့ခြင်းကို မှတ်မိသည်။ သို့တိုင် သူက အများဆုံး ရနိုင်သည့်အရာမှာ ပွေ့ဖက်ခြင်း သို့မဟုတ် ပခုံးပေါ် ပုတ်ပေးခြင်းပင်။  

သူက အလိုလိုက်ခံရရန် ကံကြမ္မာ မရှိသော စောစီးစွာ ကြီးပြင်းခဲ့ရသည့် ကလေးတစ်ဦးဖြစ်နိုင်သည် ။သို့ရာတွင် ၎င်းမှာ သူက ရူအာ ကို ပွေ့ဖက်ခြင်း သို့မဟုတ် အလိုလိုက်ခြင်းမှ တားဆီးခြင်း မပြုနိုင်ပေ။ အကြောင်းမှာ သူကိုယ်တိုင်တွင်လည်း ကလေးတစ်ယောက် ဖြစ်ခဲ့ပြီး သူတို့လိုချင်သည်ကို နားလည်ကာ ဖြည့်ဆည်းပေးနိုင်ရန် မျှော်လင့်ထားသည်။ 

ရူအာမှာ အဖေဖြစ်သူမှ မလှုပ်ရှားသည်ကို မြင်လျှင် ငိုသံများမှာ ပို၍ ပြင်းထန်လာသည်။ သူက အဖေ၏ ၀တ်ရုံကို ဆုပ်ကိုင်ထားပြီး  အပေါ်တက်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသည်။ နောက်ဆုံးတွင် Long Feiye မှာ သတိပြန်ဝင်လာပြီး သူ့ကို ချီကာ ရင်ဘတ်တွင် တင်းကျပ်စွာ ဖိထားလိုက်သည်။ ဖြစ်နိုင်လျှင် သူက ရူအာ ကို လုံးလုံးလျားလျား စုပ်ယူသွားချင်သည်။ 

သူက သူ့ကို ဘယ်လောက်ချစ်ရသည်လဲ။

"ဖေဖေ ဒီမှာ ရှိတယ်။ မကြောက်နဲ့တော့..”

"လိမ္မာတဲ့ ကောင်ကလေး… ဖေဖေ ဒီမှာ။"

Long Feiye ၏ မျက်လုံးထောင့်များတွင် မျက်ရည်များ စိုစွတ်နေသည်ကို မည်သူမျှ မမြင်ခဲ့ကြပေ။ ရူအာလေးမှာ ကြောက်စိတ်ကြောင့် ငိုနေခြင်း ရပ်တန့်သွားတော့သည်။ ယင်းအစား အဖေ၏လည်ပင်းကို ဖက်ပြီး ခေါင်းကို ရင်ဘတ်တွင် မြှုပ်နှံထားသည်။ Gu Qishao မှာ ဘေးမှ စကားမဲ့စွာ ကြည့်နေပြီး သက်ပြင်းသာချနိုင်သည်။ နောက်ဆုံးတော့ သူက တခြားသူရဲ့သားပဲ...

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now