အခန်း(၁၂၄၀)

149 27 0
                                    

အခန်း(၁၂၄၀)

ဦးရီးတော်။






အိမ်ရှေ့စံက ရောက်လာတာလား။ ပြီးတော့ မင်းသားယွီ Gu Qishao ကောလား။

တစ်ခဏအတွင်း  အားလုံးမှာ အံ့အားသင့်သွားကြသည်။ အိမ်ရှေ့စံမှာ ဧကရာဇ်နှင့် ဧကရီတို့ဖြင့် အတူ ရောက်ရှိလာမည်ဟု အားလုံးမှာ ယူဆခဲ့ကြသော်လည်း  မင်းသားယွီနှင့်အတူ လိုက်ပါလာခဲ့သည်။ အားလုံးမှာ အဆင့်အတန်းအတွက် တိုက်ပွဲဝင်ရင်း အလုပ်ရှုပ်နေချိန်၌ နှစ်ယောက်တွဲ အသစ်ရောက်လာလျှင် ရုန်းကန်မှုများကို ခေါင်းထဲမှ တွန်းထုတ်ပစ်လိုက်တော့သည်။

Tang Li ၏ ဒေါသမှာ မကြာခင် ထိုစကားလုံးများတွင်တော့ သဘောကျစွာ ပျောက်ကွယ်သွားသည်။ အဆိပ်ပြင်းသောလျှာများနှင့် ပတ်သက်လာသောအခါတွင် သူက ဤနေရာတွင် မည်သူမဆိုထက် ပို၍ ကောင်းစွာ ပြောဆိုနိင်သော်လည်း သူ၏ လက်ရှိအဆင့်အတန်းဖြင့် ပြန်လည်တုံ့ပြန်ရန် မဖြစ်နိုင်ပေ။ သို့ရာတွင် Gu Qishao မှာမူ မတူပေ။ သူက မဟာချင်တွင် တစ်ဦးတည်းသော ချင်ဝမ် ဖြစ်သည်။ ထိပ်တန်းအဆင့် မြင့်မြတ်သူပင်။ သူ၏ အဆင့်အတန်းဖြင့် ရှိနေသူတိုင်းမှာ သူ့ကို အဆင့်သုံးဆင့် အလျော့ပေးရလိမ့်မည်။

Tang Li မှာ သူက Qishao ကို သဘောကျချစ်ခင်နိုင်သည်ကို ပထမဆုံးအကြိမ်အဖြစ် ရုတ်တရက် သိလိုက်လေသည် ။

ဧည့်သည်နှစ်ယောက်မှာ မျက်နှာ မပြမီပင် လူတိုင်းမှာ မတ်တပ်ရပ် လိုက်ကြသည်။ အိမ်ရှေ့စံနှင့် မင်းသားယွီတို့မှ ခန်းမထဲသို့ ဝင်လာချိန်တွင် Tang Li နှင့် Ning Jing တို့ အပါအဝင် အားလုံးမှာ ဒူးထောက်လိုက်ကြသည်။

"အရှင့်သား အိမ်ရှေ့စံ နှစ်ထောင်ပေါင်းများစွာ သက်တော်ရာကျော်ရှည်ပါစေ။"

"မင်းသားယွီ နှစ်ထောင်ပေါင်းများစွာ သက်တော်ရာကျော် ရှည်ပါစေ။"

Gu Qishao မှာ ရွှေရောင်ကြိုးများဖြင့် အထူးချည်ထိုးထားသော အနီရောင် ၀တ်စုံကို ၀တ်ဆင်ထားသည်။ သူက ဆံပင်တွင် တပ်ဆင်ထားသည့် ဆံညှပ်အထိ ရွှေအသုံးအဆောင်ပစ္စည်း အများအပြား ဖုံးအုပ်ထားသည်။ အနီရောင် နှင့် ရွှေမှာ လိုက်ဖက်ခြင်းမရှိကြွားဝါလွန်းသော ပေါင်းစပ်မှုဟု ယူဆရသော်လည်း သူက တစ်နည်းနည်းဖြင့်  အထက်တန်းကျလှသည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now