အခန်း(၁၂၈၀)

112 17 0
                                    

အခန်း(၁၂၈၀)

တစ်ယောက်ရဲ့ အကြိုက်ကို ဂရုစိုက်ခြင်း။






နောက်တစ်နေ့တွင် ဘဏ္ဍာထိန်း Cao မှာ Xie Yujun မှတစ်ဆင့် Long Feiye နှင့် Han Yunxi အား ဖိတ်စာ ပေးပို့ခဲ့သည်။ Long Feiye မှာ "ဘဏ္ဍာထိန်း Cao" ဟူသော စကားကို မြင်ရလျှင် ကိစ္စ၏ အမှန်တရားကို သိရှိရန် Xie Yujun ထံ မေးခွန်းအချို့ကို မေးခဲ့သည်။ ဤလူကို ကျန်းနန် ရှိ မိသားစုကြီး သုံးစုမှ ထောက်ခံအကြံပြုထားပြီး သူက ချန်နင်းမှ ဆားတွင်းများ၏ ပုဂ္ဂလိက ဆားရောင်းဝယ်ရေး အထွေထွေမန်နေဂျာလည်း ဖြစ်သည်။ သခင်လေးသုံးယောက်မှာ သူ့ကို အသေးစားရောင်းချမှုအတွက်ပင် ရှာရသည်။

ဘဏ္ဍာထိန်းCao မှာ အသေးစားအရောင်းအ၀ယ်များတွင် ကိုယ်တိုင် ပါဝင်ခြင်း မရှိသော်လည်း လုပ်ငန်းကြီးများကို ကြီးကြပ်သည်။ Long Feiye မှာ လတ်တလောမှ ဆောင်းကျီး နိုင်ငံသို့ တင်ပို့ရောင်းချမှုများကဲ့သို့သော ကိစ္စများအား စုံစမ်းနေသည်။ ကြီးမားသော အပေးအယူတစ်ခုမှပင် သက်သေအားလုံးကို ရှာတွေ့နိုင်ပြီး ဂိုဏ်းတစ်ခုလုံးကို အပြစ်ပေးရန်အတွက် လုံလောက်နိုင်သည်။ အကယ်၍ မိသားစုသုံးစုမှ ဘဏ္ဍာထိန်း Cao အပေါ် အားလုံးကို အပြစ်တင်ရန် ရွေးချယ်ခဲ့လျှင်တောင် ၎င်းတို့အား ပေါ့ဆမှုအတွက် သွယ်ဝိုက်ပြီး ဆားတွင်းများကို သူ၏ အုပ်ချုပ်မှုအောက် ပြန်ယူနိုင်သည်။

Long Feiye မှာ အရှေ့မြစ်ဖျားခန်းမ သခင်လေး၏ အထောက်အထားကို အသုံးပြုထားသောကြောင့် ၁) အသုံးပြုရလွယ်ကူပြီး ဘဏ္ဍာထိန်းCao ၏သံသယများကိုလျှော့ချနိုင်သည်။ ၂) ဆားတွင်းများနှင့် ဆောင်းကျီး နိုင်ငံကြားလမ်းကြောင်းမှာ ဆားတွင်းနှင် သုံးလမ်းသွားမှောင်ခိုဈေးနှင့်ထပ်တူဖြစ်သည်။ လမ်းခရီးတွင် သူက ဆောင်းကျီးပြည် အကြောင်း အချက်အလက်များစွာကို ရှာဖွေနိုင်သည်။

ထိုနေ့မွန်းလွဲပိုင်းတွင် Long Feiye နှင့် Han Yunxi တို့မှာ ဘဏ္ဍာထိန်း Cao မှ ကြိုတင်မှာယူထားသည့် ထျန်းမင်းကန် ရေလှေစားသောက်ဆိုင်တွင် တွေ့ဆုံရန် စီစဉ်ခဲ့သည်။ ဤသင်္ဘောများမှာ တစ်နှစ်ပတ်လုံး ရေကန်ပေါ်တွင် ဖြတ်သန်းပြီး ဆိုက်ကပ်ခြင်း မရှိပေ။ သို့သော် ဤတစ်ကြိမ်တွင် ဘဏ္ဍာထိန်း Cao မှာ လှေတစ်စင်းလုံးကို စင်းလုံးငှားထားသည့်အပြင် ရေကန်တစ်ခုလုံးကို ရှင်းထုတ်ခဲ့သည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now