အခန်း(၁၂၀၆)

548 58 25
                                        

အခန်း(၁၂၀၆)

အကြွေးများ ပြန်ပေးဆပ်ခြင်း။







Long Feiye မှ အပ်နှင်းခဲ့သည့် တစ်ဦးတည်းသော  ချင်ဝမ်မှာ  Gu Qishao မှလွဲ၍ အခြားသူမဟုတ်ပေ။

အမှန်တွင် Long Feiye မှာ Ning Cheng ကို မြောက်ပိုင်းလီ၏ ဘုရင်အဖြစ် ထားရှိရန် စိတ်ကူးနေသော်လည်း ထိုအမျိုးသားမှာ သူတို့၏ ကတိကို ပယ်ဖျက်ကာ ယနေ့အထိ ပျောက်ဆုံးနေခဲ့သည်။ ဤကဲ့သို့ ထွက်သွားရန် ထိုအမျိုးသား၏ ရွေးချယ်မှုကို သူက အလေးထားပေးလိုက်သည်။ ယခု သူတို့ကြားတွင် ကိုယ်ရေးကိုယ်တာ အကြွေးများသာ ရှိတော့သည်။

ဆေးမိစ္ဆာတောင်ကြားမှာ သမိုင်းအရ Yu ဟုခေါ်သော ဧရိယာတွင် တည်ရှိသောကြောင့် Gu Qishao အတွက် Long Feiye ၏တရားဝင် ဘွဲ့အမည်မှာ  Qinwang  Yu ပင်။

၎င်းကို Han Yunxi မှာ အံ့သြနေလေသည်။ Gu Qishao မှာ လွတ်လပ် ပေါ့ပါးသောဘဝမျိုး မရနိုင်တော့သည့်အတွက် သူမ တိတ်တဆိတ်သာ ရယ်မောလိုက်လေသည်။ အကယ်၍ နန်းတွင်း၌ အရေးကြီးကိစ္စ တစ်ခုခုဖြစ်ခဲ့လျှင် သို့မဟုတ် နန်းတော်၏ လူမှုရေးပွဲများတွင် ချင်ဝမ်မှ တက်ရောက်ရန် လိုအပ်လာလျှင် Gu Qishao မှာ ပြေးစရာနေရာမရှိတော့ပေ။

Gu Beiyue မှာလည်း သတိမထားမိပဲ အံ့အားသင့်သွားတော့သည်။ သူ၏ အတွေးများမှာမူ  Han Yunxi ဖြင့် ပုံစံနှင့် မတူပဲ Long  Feiye ၏ အပြုအမူများကို ထောက်ခံလိုက်သည်။ ချီကလေးမှာ လွန်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း အလွန်တရာ ပေးဆပ်ခဲ့သည်။ သူက Bai Yanqing ကို မည်သည့်နည်းနှင့်မျှ ရက်စက်ကြမ်းကြုတ်မှုတွင် နိမ့်ကျခြင်းမရှိပဲ အားကုန် တိုက်ပွဲဝင်ခဲ့သည်။ Gu Qishao မှ ပေးဆပ်ခဲ့ရသည်များကို ဤနေရာရှိ အရပ်ဘက် သို့မဟုတ် စစ်ဘက်အရာရှိများထဲတွင် ဘယ်သူမှ မသိနိုင်သော်လည်း Long Feiye မှာမူ မမေ့ခဲ့ပေ။ ချီကလေးမှာ ထိုသို့သော ဂုဏ်အသရေနှင့် ထိုက်တန်လေသည်။

Gu Qishao မှာ ညီလာခံတွင် အပ်နှင်းမှုကို ကြားနာရန် ရောက်ရှိနေခြင်း မရှိသော်လည်း ကိစ္စမှာ အမိန့်ပြန်တမ်းဖြင့် ကောင်းစွာ သတ်မှတ်လိုက်ပြီး ဖြစ်လေသည်။

လက်ရှိတွင်၊ Gu Qishao မှာ အိမ်ကြီးတစ်အိမ်၏ မီးဖိုချောင်တွင် လက်ဖက်ရည်သောက်ချိန် သရေစာတစ်မျိုးကို ရှာဖွေနေသည်။ သူက ရူအာ၏ တစ်လပြည့်မွေးနေ့လက်ဆောင်ကို လွဲချော်ခဲ့ပြီး တစ်နှစ်ပြည့်မွေးနေ့လက်ဆောင်အဖြစ် လက်ဖက်စိုက်ခင်းတစ်ခု တည်ဆောက်ရန် ဆုံးဖြတ်ခဲ့သည်။ သူက အလွန်အလုပ်များနေပြီး Long Feiye ၏တရားရုံးကိစ္စများကို စိတ်မဝင်စားအားပေ။ 

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Onde histórias criam vida. Descubra agora