အခန်း(၁၂၇၉)

115 15 0
                                    

အခန်း(၁၂၇၉)

မျဥ်းတစ်ကြောင်း ချပေးခြင်း။





Xie Yujun မှာ Han Yunxi ၏ "အကြီးဆုံး" ဟူသောအဓိပ္ပါယ်ကို သဘောမပေါက်နိုင်ပေ။ အဆင့်အတန်းအရဆိုလျှင် လူကြီးမင်းယဲ့မှာ အကြီးဆုံး ဖောက်သည် ဖြစ်ပြီး အရေအတွက်ဖြစ်လျှင် လူကြီးမင်းယဲ့မှ ကုန်ပစ္စည်းမတောင်းမီတွင် သူက မဆုံးဖြတ်နိုင်ပေ။ သို့တိုင် မေးခွန်းမှာ Xie Yujung အား သူက လုပ်ခဲ့သည့် အကြီးဆုံးသော အရောင်းအ၀ယ်ကို အစီရင်ခံရန် လှုံ့ဆော်ပေးခဲ့သည်။ Long Feiye မှာ ပြုံးကာ မည်သည့်စကားမှမဆိုပေ။ ဤတွင်တော့ တတိယ သခင်လေးကျိုး နှင့် နဝမသခင်လေးမုရုံတို့ နှစ်ယောက်မှာ ငြိမ်မထိုင်နိုင်တော့ပေ။ သူတို့လည်း သူတို့၏ အကြီးဆုံး အမှာစာများဖြင့် သက်ဆိုင်သည့် ဈေးနှုန်းများကို အစီရင်ခံလိုက်လေသည်။

အသေအချာပင် သုံးယောက်လုံးမှာ ဈေးမြှင့်ထားကြသည်။ လူကြီးမင်းယဲ့မှာ  အရှေ့မြစ်ဖျားခန်းမ၏ ပိုင်ရှင်ဖြစ်သောကြောင့်၊ သူ့တွင် ငွေရှိနေသည်မှာ သဘာဝပင်။ Han Yunxi မှာ သူတို့က သီးသန့်ဖော်ပြထားလာသည့် နာမည်များကို မှတ်သားထားလိုက်သည်။ ထိုသုံးဦးစလုံးမှာ တစ်နည်းတစ်ဖုံဖြင့် ကျော်ကြားသော်လည်း မှောင်ခိုလုပ်ငန်းများ လုပ်ဆောင်ဆဲဖြစ်သည်။ သူတို့က ပြန်သွားလျှင် ထိုလူများကို သင်ခန်းစာပေးရမည်။

"လူကြီးမင်းယဲ့၊ မင်းပစ္စည်းဘယ်လောက်ယူမှာလဲ။" Xie Yujun မှာ စိတ်အားထက်သန်စွာ မေးလိုက်သည်။

Long Feiye မှာ စဥ်းစားပြီးနောက် လက်ဖဝါးကို မြှောက်လိုက်သည်။

“ငါး…” Xie Yujun မှာ မှန်းဆပြီးနောက် မြှင့်တင်လိုက်သည် ။ "လှည်းငါးဆယ်…"

Long Feiye မှာ နှာခေါင်းရှုံ့လိုက်ရုံသာ။ "၅၀၀။”

သုံးယောက်မှာ အံ့အားသင့်သွားကြတော့သည်။ ၅၀ မှာ သူတို့၏ အမြင့်ဆုံး ခန့်မှန်းချက် ဖြစ်နေပြီ ဖြစ်သော်လည်း ၎င်း၏ ဆယ်ဆ ပိုများနေသည်။ လှည်း ၅၀၀!!

မျှော်လင့်ထားသည့်အတိုင်း အရှေ့မြစ်ဖျားခန်းမ၏ သခင်လေးပင်.. ဘယ်လောက် လက်ကြီးလှသည်လဲ။ သို့ရာတွင် သူတို့ ပျော်ရွှင်မှုအလယ်တွင် စိုးရိမ်စပြုလာသည်။ ထိုသို့သော ပမာဏမှာ သူတို့အတွက် ကြီးမားလွန်းလှသည်။ ထိုမျှဆားကို ခိုးထုတ်ရန်မှာ မဖြစ်နိုင်ပေ။ ထို့အပြင် ပို့ဆောင်ရေးမှာလည်း ပြသနာတစ်ခု ဖြစ်သည်။ ကုန်းကြောင်းဖြင့်ဖြစ်စေ ရေကြောင်းဖြင့်ဖြစ်စေ ဆားတင်ပို့မှု အများအပြားမှာ မတူညီသော အကောက်ခွန်များတွင် စစ်ဆေးခံရပြီး လက်မှတ်များထုတ်ပေးရလိမ့်မည်။ ယင်းဘောက်ချာများတွင် ဝယ်ယူမှုအထောက်အထား၊ ရောင်းချမှုနှင့် အခွန်များ ပါဝင်နေသည်။ မည်သူကမှ တာဝန်မခံချင်သောကြောင့် မှောင်ခိုကုန်ပစ္စည်းများအား စီမံခန့်ခွဲရသည်မှာ အလွန်ခက်ခဲသည်။ ထို့ကြောင့် သူတို့ထံ ပြန်လည်ခြေရာခံရန် အထောက်အထားအဖြစ် အသုံးပြုခံရနိုင်ချေအတွက် အရောင်းမှတ်တမ်းတွင် မည်သူမျှ မရေးနိုင်ပေ။ သူတို့က သေးငယ်သောပမာဏကို စီမံခန့်ခွဲနိုင်သော်လည်း ကြီးမားသည့် ပမာဏများမှာ ပို၍ အာရုံစိုက်ရန် လိုအပ်သည်။ သူတို့က လမ်းငယ်လေးများမှ သွားလာနိုင်သော်လည်း ဂိတ်ကြီးများမှာ တံခါးများကိုပင် ဖြတ်သန်းခွင့်ပြုမည် မဟုတ်ပေ။ အပေးအယူမှာ သုံးယောက်ကို တက်ကြွထက်သန်နေစေသော်လည်း မည်သူကမှ ၎င်းကို ဝါးမြိုရန် မတတ်နိုင်ပေ။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now