အခန်း(၁၃၁၂)

97 16 0
                                    

အခန်း(၁၃၁၂)

စည်ကားစွာ ကြည့်ရှုနေသည့် လူအုပ်စုကြီး။






Gu Beiyue မှာ ချင်မျိုးနွယ်ခေါင်းဆောင်မှ သူမကို တွေ့ရရန် တောင်းဆိုမှုအကြောင်း Qin Min ထံ ပြောပြပေးလိုက်သည်။ သူမက ဦးညွှတ်ကာ တုံ့ပြန်လိုက်လေသည်။ “ကျွန်မ သင်တန်းကျောင်း ကျောင်းအုပ်ရဲ့ အစီအမံတွေကို နားထောင်ပါ့မယ်။"

ဖော်မပြနိုင်လောက်အောင် ရင်းနှီးမှု မရှိသော ခံစားချက်က သူတို့ ပထမဆုံးစတွေ့ခဲ့သည့် အချိန်သို့ ပြန်သွားသကဲ့သို့ သူ့အပေါ် လွှမ်းခြုံလာသည်။ Qin Min မှာ ထိုနေရာတွင် ယဉ်ကျေးသိမ်မွေ့ရုံသာမက အလွန်လေးစားစွာ ပြုမူနေခဲ့သည်။ Gu Beiyue မှာ သူ၏ မျက်ခုံးများ တွန့်နေပြီမှန်းပင် သတိမထားမိပေ။
သူက ပြောလိုက်သည်။ “အကြီးဆုံး သခင်မလေးချင်၊ မင်းအဖေကို သွားတွေ့တာက လုံးဝ တရားမျှတပါတယ်။”

"ကျေးဇူးတင်ပါတယ် သင်တန်းကျောင်း ကျောင်းအုပ်။" Qin Min မှာ မတ်တပ်ရပ်ကာ ထပ်ပြောလိုက်သည်။ "အဖေက ကျွန်မကို သက်ညှာဖို့ တောင်းဆိုမှာပဲ။ သင်တန်းကျောင်းကျောင်းအုပ်က စိတ်ပူစရာ မလိုပါဘူး။ Qin Min က ဘာလုပ်ရမလဲ သိပါတယ်။"

Gu Beiyue မှာ  ငြိမ်ကျသွားပြီးနောက် အတက်အကျမရှိပဲ ပြောလိုက်သည်။ "မင်း ဘာက သင့်တော်တယ်ဆိုတာ သိတဲ့အတွက် သွားလိုက်ပါ။"

Qin  Min မှာ  တစ်ဖန် ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။ သူမက ရင်းနှီးသော ဆက်ဆံရေးများဖြင့်တောင် ရက်စက်နိုင်ရာ သူမနှင့် သူက လုံးဝ အနည်းငယ်ပင် ရင်းနှီးခြင်း မရှိလျှင် ပြောစရာမလိုတော့ပေ။ သူက တံခါးဆီသို့ ကျောပေးထားစဥ် သူမ ထွက်ပေါက်ဆီသို့ ဦးတည်သွားကာ သူ့ကို ကျော်ဖြတ်သွားသည်။ Qin Min မှ နောက်ပြန်လှည့်ကြည့်ခြင်း မရှိသော်လည်း Gu Beiyue မှာ လှည့်ကြည့်လိုက်မိသည်။ သူက သူမ၏ ဆုတ်သွားသော ရုပ်သွင်ကို ကြည့်ရင်း ညင်သာစွာ သက်ပြင်းချမိသည်။

နောက်ဆုံးအကြိမ် စာကြည့်ခန်းမှ ပြီးနောက် မတွေ့ခဲ့ကြပေ။ သူမက ခြံဝန်းထဲတွင် နေထိုင်ခဲ့စဥ် သူက ညဥ့်နက်သည်အထိ အလုပ်ရှုပ်နေကာ စာကြည့်ခန်းတွင် အိပ်ခဲ့သည်။ ယနေ့ သူမက ယခင်ကထက် ပို၍ ယဉ်ကျေးပြီး အနည်းငယ် ဝေးကွာနေခဲ့သည်။ သူမ ဒေါသထွက်နေသေးသည်ကို သူက သိနိုင်သည်။ သို့သော် ဒေါသသည် ခွင့်လွှတ်ခြင်း သို့မဟုတ် စိတ်ပျက်ခြင်းသို့ ပြောင်းလဲသွားနိုင်သည်။ သူက နောက်တစ်ခုဖြစ်လာရန် စောင့်နေလေသည်...

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now