အခန်း(၁၂၅၇)

132 24 0
                                    

အခန်း(၁၂၅၇)

ပိုင်ဆိုင်မှုများကို ရှာဖွေ သိမ်းဆည်းခြင်း။





Han Yunxi မှာ Baili Lixiang ကို အေးစက်စွာ အုပ်မိုးကြည့်ကာ ပြောလိုက်သည်။ "ငါ့ကို ဆန့်ကျင်တဲ့လူတစ်ယောက်ရဲ့ အကျိုးဆက်ကို မြင်ဖို့ ဒီကို လာခဲ့ရုံပဲ။"

"နင်။" Baili Lixiang မှာ အလွန်အမင်း ဒေါသထွက်လာတော့သည်။

“ကောင်းပြီ။ ငါမြင်ပြီးပြီမို့ သွားတော့မယ်။” Han  Yunxi မှာ အေးစက်စွာ ပြုံးလိုက်သည်။

Baili Lixiang မှာ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ "Han  Yunxi ၊ ရှောင်မျိုးနွယ် ကလည်း နင့်ကို ဆန့်ကျင်နေတာပဲ။ Xiao An ကျ ကျွင်းဝမ် အဖြစ် အပ်နှင်းခံရပြီး ငါ့အဖေက ဘာကြောင့်  ... Han Yunxi၊ ဒါက မတရားဘူး။ နင်ဒီလိုလုပ်လို့မရဘူး။"

" ရှောင်မျိုးနွယ်…" Han  Yunxi  မှာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ "မနေ့ညမှာ Xiao An က မြောက်ပိုင်းလီ သဘာဝဘေးဒဏ်သင့်ဒေသတွေအတွက် ငွေသန်းနှစ်ရာကျော် ပေးခဲ့တယ်။ ရှောင်မျိုးနွယ်လိုမျိုးက ငါ့ကို ဘယ်​လို ဆန့်​ကျင်​​နေမှာလဲ။"

"Han Yunxi၊ Xiao An က လျှို့ဝှက်ချက်တွေ အများကြီးရှိတဲ့သူတစ်ယောက်ပဲ။ ဒါကို နင့်နှလုံးသားထဲမှာ သိသင့်တယ်။” Baili Lixiang မှာ သူမ၏ အသံကို မြှင့်လိုက်သည်။

“အဲဒါနဲ့ ပတ်သက်ပြီးတော့ ငါက သိပ်မရှင်းဘူး။ အခု Xiao An က ကျွင်းဝမ်  ဆိုတာပဲ ငါ သိတယ်။ လောလောဆယ် သူက Xiao Dong  နဲ့အတူ စာကြည့်ဆောင်မှာ ဧကရာဇ်နဲ့ လက်ဖက်ရည်သောက်ရင်း အတူရှိနေသင့်တယ်။" Han  Yunxi  မှာ ပြုံးလိုက်သည်။

“မဟုတ်ဘူး။” Baili Lixiang ၏ဆံပင်များမှာ ရှုပ်ပွနေပြီး သူမ၏မျက်နှာမှာလည်း မိစ္ဆာတစ်ကောင်ကဲ့သို့ ရက်စက်နေသည်။ " Xiao Dong က ငါနဲ့ ပူးပေါင်းခဲ့တာ သက်သေရှိတယ်။ ငါ့မှာသက်သေရှိတယ်။ ငါ ဧကရာဇ်ကိုတွေ့ချင်တယ် ငါဧကရာဇ်ကိုတွေ့ချင်တယ်။”

"Xiao Dong။" Han  Yunxi  မှာ နှာခေါင်းရှုံ့လိုက်သည်။

Baili Lixiang မှာ အလျင်အမြန်ပြောလိုက်သည်။ "ငါ့မှာ Xiao An က အဖေနဲ့ ပူးပေါင်းခဲ့တဲ့ အထောက်အထားတွေရှိတယ်။ Xiao An က အဖေနဲ့ တွေ့ခဲ့တယ်။ သူတို့က မြောက်ပိုင်းလီမှာ သဘောတူညီချက်တွေ ရှိတယ်။”

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Où les histoires vivent. Découvrez maintenant