အခန်း(၁၂၁၈)

169 24 2
                                    

အခန်း(၁၂၁၈)

အိမ်မှ ထွက်ခွာခြင်း။






Tang Li မှာ Ning Jing ကို ခေါ်သွားရန် ပြင်ဆင်နေချိန်တွင် သခင်မထန်မှ ရုတ်တရက် ပြောလိုက်သည်။ “အားလီ.. ဒီကို ပြန်လာဦး။  ငါတို့ ဒီအကြောင်းကို သေသေချာချာ ပြောဖို့လိုတယ်။ မင်းက လွန်ကျူးတာ တစ်ခုကို လုပ်လို့မရဘူး။ နှစ်သစ်ကူးပြီးရင် ဆေးမြို့တော်မှာ စတုတ္ထသခင်မလေးရမ်ကို ကြည့်ခွင့်ပေးလိုက်။ မျှော်လင့်ချက်ရှိနိုင်သေးတာပဲ။"

“စတုတ္ထ သခင်မလေးရမ်က ကျွန်မကို စစ်ဆေးပြီးသွားပြီ။” Ning Jing မှ အတက်အကျ မရှိပဲ ပြောလိုက်သည်။ Gu Beiyue နှင့် စတုတ္ထသခင်မလေးရမ်မှ အလှည့်ကျ စစ်ဆေးပြီးနောက် ကုသ၍မရနိုင်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။ 

သခင်မထန်မှ အချိန်ဆွဲရန် ဆေးစစ်ချက်အား အသုံးပြုရန်အပြင် အကြံဥာဏ်ကောင်း မရှိတော့ပေ။သူမက နောင်တွင် Tang  Li အား ကိုယ်လုပ်တော်ယူရန် သို့မဟုတ် နောက်ထပ် ကလေးယူရန် မလိုအပ်ကြောင်း ကတိမပေးနိုင်သော်လည်း သူ့ကို အလွန်ပြင်းထန်စွာ ဖိအားပေးဝံ့ခြင်းလည်း မရှိပေ။ အဖြစ်မှန်ကိုသိလိုက်သည်နှင့် Tang Zijin မှာ မည်သို့ သောင်းကျန်းနေမည်ကို သူမ မသိတော့ပေ။

"အားလီ ဘယ်လို…"

“အမေ၊ ကျွန်တော်တို့ တစ်နေကုန် ပင်ပန်းနေတာပဲ။ အမေက ပြန်ပြီး အနားယူသင့်တယ်။ ဒါကို ပြန်စဉ်းစားပြီး မနက်ဖြန် အဖေ့ကို ကိုယ်တိုင် ပြောလိုက်မယ်။ အမေနဲ့ Ning Jing ကို လာခွင့်မပေးဘူး။"

သခင်မထန်မှာ စကားပြောချင်နေသေးသော်လည်း Tang Li မှာ စိတ်မြန်သောမျက်နှာထားဖြင့်သာ ပြောလိုက်သည်။ "အဆင်ပြေလား။" သူက မေးလိုက်သည်။

သခင်မထန်မှာ သူ့ကို ဖိအားပေးလိုခြင်း မရှိသည့်အတွက် ဝန်လေးစွာ သဘောတူလိုက်လေသည်။ 

"သမီး ဘယ်မှာလဲ။" Tang Li မှ မေးလိုက်သည်။လွန်ခဲ့သည့်လအနည်းငယ်တွင် သူက Tang Tang နှင့်ကစားခဲ့သည်ကို မမှတ်မိတော့ပေ။ သူ၏ မှတ်ဥာဏ်ထဲတွင်တော့ သူမလေးမှာ ဗိုက်ဆာလာလျှင် သူ၏လက်မောင်းတွင်းမှ ငိုနေသည့် သေးငယ်သော ကလေးငယ်လေးပင်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now