အခန်း(၁၃၁၁)

118 16 0
                                    

အခန်း(၁၃၁၁)

အမျက်ဒေါသ။






အဘိုးအိုမှာ သတ်သေမည်ဟု မည်သူမှ မထင်မှတ်ထားကြပေ။ Gu Beiyue မှာ ရမ်မျိုးနွယ် ၏ ပူးပေါင်းကြံစည်မှုကို သက်သေပြရန် လုံလောက်သော သက်သေမရှိသောကြောင့် ရမ် နှင့် ချင်မျိုးနွယ် တို့အား တူညီသောပြစ်ဒဏ်ကိုသာ ပေးနိုင်ခဲ့သည်။ သဘောတရားအရ ပြောရလျှင် ၎င်းမှာ ရမ်မျိုးနွယ် အတွက် တရားမျှတမှုမရှိပေ။ အကယ်၍ သူက ခန့်မှန်းသည်မှာ မှန်လျှင် ရမ်မျိုးနွယ်မှာ စတင်လှုပ်ရှားနေပြီဖြစ်သည်။ နောက်တစ်နေ့ မနက်ရောက်နေလျှင် ဆေးမြို့တော် တစ်ဝက်လောက်မှာ သူတို့၏ အမှုအတွက် တောင်းပန်ကြလိမ့်မည်။ Gu Beiyue မှာ ဤတစ်ကြိမ်မဟုတ်ပါက၊ နောက်တစ်ကြိမ် … သို့မဟုတ် အခွင့်အရေးမရှိတော့ပါက ထောင်ချောက်ပင် နေရာချကာ သူတို့ကို ဖြေရှင်းနိုင်သည်။

သို့သော် ဤသို့သော တိုက်ပွဲမျိုးတွင် သူ၏ တန်ဖိုးရှိသော အချိန်များကို မဖြုန်းချင်တော့ပေ။ ထို့အပြင် ဆေးမြို့တော်မှ ထွက်လာနိုင်သည့် အရှုပ်တော်ပုံအရေအတွက်ကို လျှော့ချလိုသည်။ သီလရှိသည့် သမားတော်မှသာ လူနာများ၏ ယုံကြည်မှုကို ရရှိနိုင်သည်။ အကြိမ်များစွာ၊ "ယုံကြည်မှု" တစ်ခုတည်းကပင် ဆေးကောင်းတစ်လက်ဖြစ်နိုင်သည်။ ဆေးမြို့တော်မှ အကျည်းတန်လွန်းသည့်သတင်းများ ထွက်ပေါ်လာပါက တိမ်တိုက်ကုန်းမြေကြီးရှိ လူများက သူတို့ကို မည်သို့မြင်လာတော့မည်လဲ။ သူတို့၏ အသက်ကို သူတို့လက်ထဲ၌ ဘယ်လို အပ်ထားနိုင်မည်လဲ။

ထို့ကြောင့် Gu Beiyue မှာ စတုတ္ထ သခင်မလေးရမ် ကို ရှာဖွေခဲ့သည်။ ဤတစ်​ခါ​တွင် သူမက အလွန်များပြားစွာ ဖုံးကွယ်​ထား​သောအချက်​မှာ သူ၏ နှလုံးသားကို ​အေးစက်​သွားစေသည်​။ သူက ရှင်းပြမနေတော့ပဲ ပြောလိုက်သည်။ “စတုတ္ထ သခင်မလေးရမ်၊ ကျေးဇူးပြုပြီး မင်းအဖေကို ကျွန်တော့်အတွက် စကားပါးပေးပါ။ တကယ်လို့ သူက ရမ်မျိုးနွယ် နဲ့ မင်းအပါအဝင် သူ့ရဲ့ တိုးတက်လာတဲ့ ကြယ်ပွင့်တွေကို ထိန်းသိမ်းချင်တယ်ဆိုရင်… စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။ မဟုတ်ရင် သူက ပိုပြီး ကြီးကြီးမားမား ပေးဆပ်ရလိမ့်မယ်။"

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now