အခန်း(၁၃၄၃)

97 13 2
                                    

အခန်း(၁၃၄၃)

လက်တွဲခြင်း။







Shangguan Ze မှ ပြန်ရောက်လာချိန်တွင် Ning Cheng မှာ သူက တွင်းကြီးတစ်ခုထဲသို့ ပြုတ်ကျသွားသည်ကို သဘောပေါက်လိုက်လေသည်။

"Cheng'er၊ မင်းငါ့ကိုလိမ်နေတာပဲ။" သူက ရေရွတ်လိုက်သည်။

" ကျွန်မ ရှင့်ကိုဘာတွေလိမ်ခဲ့လို့လဲ။" Cheng'er မှာ အပြစ်ကင်းစွာ မေးလိုက်သည်။

"မင်းရဲ့လူသတ်သမားက မင်းကို ကျွန်အဖြစ် ဖိအားပေးခံရတာ လို့ပြောတယ်။" အမှန်ပင်.. Ning Cheng မှာ ​​ယခုအချိန်တွင် အလွန်မတည်မငြိမ်ဖြစ်နေလေသည်။

"ဒါဆို ရှင် ကျွန်မကို ကယ်ဖို့လာတာလား။" Cheng'er မှာ ရယ်မောလိုက်သည်။

Ning Cheng မှာ အဖြေမပေးနိုင်တော့ပဲ နှုတ်ဆိတ်သွားတော့သည်။ Cheng'er မှာ သူ့ကို လွှတ်မပေးနိုင်တော့ပေ။ သူက လွတ်သွားသည်နှင့် ထွက်ပြေးသွားမည်အား စိုးရိမ်မိသည်။ Shangguan Ze မှာ သူမက သူ့အား ပွေ့ဖက်ထားသည်ကို မြင်လိုက်ရလျှင် သည်းမခံနိုင်တော့သော်လည်း သူတို့နှစ်ယောက် မည်မျှဝေးစွာ ရောက်ခဲ့သည်ကို မသိနိုင်ပေ။ ကောင်လေးမှာ Cheng'er ကိုကယ်တင်ရန် ကိုယ့်ကိုကိုယ် ရောင်းလိုစိတ်ရှိသောကြောင့် အနည်းဆုံးတော့ သူ့တွင် နှလုံးသားရှိနေဆဲပင်။ သူက ဝင်ပေါက်တွင်ရပ်ကာ ပြောလိုက်သည်။ "Ah-Cheng၊ ဒီအတိုင်း စာချုပ်ချုပ်လိုက်ရအောင်။ ငါ့ညီမနဲ့ အရောင်းလက်မှတ်ထိုးလို့ရတယ်။"

ဝံပုလွေတွင်းထဲသို့ ကျသွားပြီးနောက် သူ့အတွက် အသုံးမဝင်တော့သော်လည်း Ning Cheng မှာ အဖြေမပေးချေ။ Shangguan Ze မှ ထွက်သွားသည့်တိုင်အောင် သူက ထူးထူးခြားခြား နှုတ်ဆိတ်နေပြီးမှ မေးလိုက်သည်။ "မင်း ရှုပ်လို့ဝပြီလား။"

သူ၏ အသံမှာ အလွန် ပြင်းထန်လွန်းသဖြင့် Cheng'er မှာ အနည်းငယ် ကြောက်လန့်သွားတော့သည်။ သူမ သူ့ကို တွန့်ဆုတ်စွာ လွှတ်လိုက်ပြီး ဘာလုပ်ရမှန်းမသိတော့ပဲ သူ၏ နောက်တွင် ရပ်နေလေသည်။

"ဘာတွေဖြစ်နေတာလဲ။" Ning Cheng မှ မေးလိုက်သည်။

Cheng'er မှာ သက်ပြင်းချလိုက်လေသည်။ "အခန်းထဲမှာ စကားပြောရအောင်။"

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now