အခန်း(၁၃၀၄)

106 18 2
                                    

အခန်း(၁၃၀၄)

ဆေးရည်ချိုးခြင်း။






Qin Min ၏ စကားကိုကြားရလျှင်တော့ Gu Beiyue ၏ ငြိမ်သက်နေသော မျက်နှာမှာ အနည်းငယ် အားကိုးရာမဲ့သွားဟန်ပေါ်သည်။ သူက စကားပြောချင်ဟန်တူသော်လည်း နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချကာ မြင်းလှည်းကိုမောင်းရန် ကြာပွတ်ကိုဝှေ့ယမ်းလိုက်သည်။ Qin Min  မှာ သက်ပြင်းချသံကို မကြားလိုက်ပေ။ Gu Beiyue မှာ သူမ၏ တောင်းပန်မှု သို့မဟုတ် ကတိကို လက်ခံခြင်း ရှိမရှိ မသိခဲ့သကဲ့သို့ သူမကို ကြားမကြား မသိပဲ ပြန်ရောက်လာခြင်း မရှိသော အဖြေကိုစောင့်ဆိုင်းနေခဲ့သည်။ 

သူမကိုယ်တိုင်လည်း ထပ်ကျော့ ပြောချင်နေသော်လည်း တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်တွင် သူမ၏ အသံမှာ ကျယ်လောင်နေမှန်း ကောင်းစွာ စဥ်းစားပြီးနောက် သတိပြုမိလိုက်သည်။  သူက မကြားရန် အကြောင်းပြချက် မရှိပေ။ တိတ်ဆိတ်စွာ မြင်းလှည်းတွင်းသို့ ပြန်ဆုတ်သွားကာ စကားပြောနေခြင်း ရပ်လိုက်သည်။ နောက်ဆုံးတော့ သူမ တစ်ယောက်တည်း ဖြစ်နေ၍ သဘောရှိ ထိုင်နိုင် လှဲနိုင် ပြီဖြစ်သည်။ သို့သော် သူမ လုပ်သမျှမှာ ခေါင်းအုံးပေါ်ကို ပျင်းရိစွာ မှီနေကာ အိပ်ငိုက်ခြင်းမျိုး လုံးဝမခံစားရပေ။ သူမ အတွေးတွေ လွင့်မျောနေကာ ညည်းတွားလိုက်မိသည်။ “နောက်တစ်ကြိမ်ဆိုတာ တကယ်ရှိတော့မှာ မဟုတ်ပါဘူး။” 

သူမ ဖြူစင်သော တောနှင့် ညဥ့်အမှောင်ထုကို ပြတင်းပေါက်မှ ချောင်းကြည့်လိုက်သည်။ ထို့နောက် သူမ ကန့်လန့်ကာထောင့်ကို တိတ်တဆိတ် ရုတ်လိုက်လျှင် Gu Beiyue ၏ ကျောပြင်ကို မြင်လိုက်ရသည်။ မြင်းမှာ အလွန်လျင်မြန်စွာ ပြေးနေသောကြောင့် လေပြေညင်းမှာ သူ၏ ဝတ်ရုံနှင့် အနက်ရောင် ဆံပင်များအား လွင့်ပျံနေစေသည်။ သူမ တစ်ချက်ကြည့်ကာ ပြန်အိပ်ရန်ပြင်လိုက်သော်လည်း ထိုမြင်ကွင်းမှာ သူမကို ငေးမောနေစေမိလေသည်။

အကယ်၍ သူတို့ ဤလမ်းတွင် ထာဝရ မောင်းနှင်နေနိုင်မည်ဆိုလျှင် အံ့သြစရာပင်။

Gu Beiyue၊ ကမ္ဘာ့အရှည်ဆုံးလမ်း ကဘာဖြစ်မလဲ။

ကျွန်မတို့ရဲ့အသက်က ဘယ်လောက်ရှည်မလဲ။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now