အခန်း(၁၂၆၇)

133 23 0
                                    

အခန်း(၁၂၆၇)

အနမ်းများ။



ကောကျန်း...

Han  Chen မှာ Gu Qishao ကို တစ်ချက်မျှ မကြည့်ပဲ လှည့်ထွက်သွားလေသည်။ Han  Yunxi  မှာ Su Xiaoyu အတွက် သူ့အား အဖေဟု တစ်ကြိမ် ခေါ်ခဲ့သော်လည်း အဖေ နှင့် သမီးမှာ တစ်ဦးနှင့်တစ်ဦး တရားဝင် အသိအမှတ်မပြုသေးပေ။ ထို့အပြင်၊ ဆယ်နှစ်သဘောတူညီချက်မှာ မပြီးဆုံးသေးသောကြောင့် ဤကလေးများမှ သူ့ကို စီနီယာဟု ခေါ်ခြင်းကိုသာ နေသားကျနေခဲ့သည်။

Gu Qishao မှာ Han Chen မှ ဝါးရန်လွယ်ကူသော အရိုးမဟုတ်ကြောင်း သဘာဝကျကျပင် သိထားသောကြောင့် ပုံမှန်အတိုင်း ရယ်မောကာ ထိုလူ၏ နောက်မှ လိုက်လာသည်။

“အရှင်ကောကျန်း၊  အနီရောင်တောင်ထိပ် သောက်ဖို့ Long Feiye ကို ဖိတ်ထားတယ်လို့ ကြားတယ်။ အခုရာသီမဟုတ်တာ စိတ်မကောင်းစရာပဲ။”

မျှော်လင့်ထားသည့်အတိုင်း၊ Gu Qishao ၏ စကားများမှာ Han Chen ၏ အာရုံကို ဆွဲဆောင်ခဲ့သည်။ သို့သော် သူက လုပ်သမျှမှာ တစ်စက္ကန့်မျှ ရပ်တန့်ပြီးနောက် ဆက်၍ လမ်းလျှောက်သွားလိုက်သည်။ သူက ကောင်းကင်ဘုံမွှေးရနံ့လက်ဖက်ရည်အိမ်သို့ မရောက်ရှိမီတွင် အနီရောင်တောင်ထိပ်ကို သောက်ရန် Long Feiye ကို ဖိတ်ခေါ်ခဲ့သည် ။ သို့ရာတွင် သူက ရောက်လာပြီး ရာသီဥတုကိုမြင်သည်နှင့် အမှားကို နားလည်သွားသည်။ ဤနေရာရှိ နွေဦးရာသီမှာ ရေခဲပင်လယ်နှင့် မတူပေ။ မိုးရွာပြီး အပူချိန်ပိုနိမ့်သည်။ အနီရောင်တောင်ထိပ်ကို အချဉ်ဖောက်ရန် မသင့်တော်ဆုံးပင်။ သို့သော် ဖိတ်စာမှ ပို့ထားပြီးဖြစ်၍ သူက ပြန်မရုတ်သိမ်းတော့ပေ။

Gu Qishao မှာ စကားပြောရင်း Han Chen ၏ နောက်မှ ဆက်လိုက်သွားသည်။ “အရှင်ကောကျန်း၊  အနီရောင်တောင်ထိပ်က အမျိုးပေါင်းများစွာ ရှိပါ တယ်။  ထိပ်တန်း အနီရောင်တောင်ထိပ်က ဘယ်ကလာလဲ သိလား။ အဲဒါ ကောင်းကင်ဘုံမွှေးရနံ့လက်ဖက်ရည်အိမ်ရဲ့ လျှို့ဝှက်ချက်ပဲ။”

Han  Chen မှာ ရပ်လိုက်လျှင် Gu Qishao မှာ အလွန် သဘောကျသွားတော့သည်။ မထင်မှတ်ပဲ၊ ထိုလူက အေးစက်စွာဖြင့် ပြောလိုက်သည်။ “ဒီလက်ဖက်စိုက်ခင်းက ဒီလိုဂုဏ်သရေရှိသူရဲ့ ပိုင်ဆိုင်မှု ဖြစ်နေပြီ။ ငါမသိဘူးလို့ မင်းထင်လား။"

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now