အခန်း(၁၂၆၅)

131 23 2
                                    

အခန်း(၁၂၆၅)

ပင်ကိုယ် စွမ်းရည်။






ကောင်းကင်ဘုံမွှေးရနံ့ လက်ဖက်ရည်အိမ်မှာ နန်းမြို့တော်၏ အစွန်အဖျားတွင် တည်ရှိသည်။ Han Yunxi မှာ မြောက်ပိုင်းလီသူလျှိုတစ်ဦးကို စုံစမ်းရန် သူမ၏ ဤနေရာသို့ ပထမဆုံးခရီးစဉ်ကို သတိရမိသည်။ နောက်ပိုင်းတွင် သူမက ​ဤမြေပြင်တွင် ပြန်ပေးဆွဲခံခဲ့ရပြီး Jun Yixie နှင့် Gu Qishao တို့နှစ်ဦးဖြင့် တွေ့ဆုံခဲ့ရသည်။

ကောင်းကင်ဘုံမွှေးရနံ့ လက်ဖက်ရည်အိမ်မှာ Gu Qishao ၏ ပိုင်ဆိုင်မှုအောက်တွင် ကြီးမားသော မြေဧရိယာကို ပိုင်ဆိုင်ထားသော်လည်း Long Feiye မှ သိမ်းယူပြီးနောက် မြုံနေသော အနောက်ဘက် တောင်တန်းများကို ပိုင်ဆိုင်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထည့်သွင်းခဲ့သည်။ လက်ဖက်စိုက်ပျိုးရန် တောင်ကုန်းတစ်ဝက်ကို တိုးချဲ့ထားသည်။ အစွန်းတစ်ဖက်မှကြည့်လျှင် လက်ဖက်ပင်များမှာ နဂါးတစ်ကောင် ရစ်ခွေနေသကဲ့သို့ တောင်တန်းတစ်လျှောက် ဖြန့်ကျက်နေသည်ကို မြင်နိုင်သည်။ သို့တိုင်အောင် အနီရောင်တောင်ထိပ် လက်ဖက်ခြောက်မှာ ၎င်း၏ မြင့်မားသော ပြုပြင်ထိန်းသိမ်းမှု လိုအပ်ချက်များကြောင့် တောင်ပိုင်းတောင်မှ အနည်းငယ်မျှသာ ရရှိနိုင်သည်။ အခြားမည်သည့်နေရာတွင်မဆို စိုက်ပျိုးပါက ညံ့ဖျင်းသော လက်ဖက်ရွက် သို့မဟုတ် ကြာရှည်မခံသော အပင်များသာ ဖြစ်ထွန်းလာနိုင်သည်။

Long Feiye မှာ Han Chen ထံ စိုက်ခင်းကို လက်ဆောင်ပေးခဲ့သော်လည်း၊ ဤနေရာရှိ အစောင့်များနှင့် လက်ဖက်စိုက်တောင်သူများမှာ သူ၏ လူများအဖြစ် ရှိနေဆဲဖြစ်သည်။ Han Chen  မှာ နှစ်စဉ်ရိတ်သိမ်းသည့် အနီရောင်တောင်ထိပ်ကိုသာ လိုချင်ရုံပင်။

စိုက်ခင်းကိုရောက်ပြီးနောက် တောင်ဘက်တောင်သို့ မသွားခင် အချိန်အနည်းငယ်ရှိနေသေးသည်။ Han Yunxi မှာ လူတိုင်းကို မြင်းလှည်းပေါ်မှ ဆင်းပြီး ခြေလျင်လျှောက်ရန် အကြံပြုလိုက်သည်။ အဖွဲ့မှာ လန်းဆန်းပြီး အဆုတ်ထဲတွင် စွဲကျန်နေစေသည့် တောင်၏ နွေဦးရနံ့များကို နက်ရှိုင်းစွာ ရှုရှိုက်လိုက်ကြသည်။ Gu Beiyue နှင့် Long Feiye တို့မှာပခုံးချင်းယှဉ် လျှောက်လာကြစဥ် Han Yunxi မှာ ရူအာကို ခေါ်ဆောင်ကာ ခင်ပွန်းဖြစ်သူ၏ ညာဖက်တွင် လိုက်လာသည်။ Gu Qishao မှာ ဆိုးသွမ်းသော အပြုံးဖြင့် ရူအာ၏ ဘေးသို့  လျှောက်သွားပြီး ကောင်လေး၏လက်ကို ကိုင်လိုက်သည်။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now