အခန်း(၁၂၅၉)

148 21 2
                                    

အခန်း(၁၂၅၉)

မပို့တော့ဘူး။







Han  Yunxi မှာ အပြာရောင်သလင်းကျောက်ကို တစ်ချက် ကြည်လိုက်ရုံဖြင့် မှတ်မိလိုက်သည်။ ၎င်းမှာ ပိုင်လီရေသူမျိုးနွယ်၏ လမ်းပြမျက်ရည်ဖြစ်ကာ ပျောက်ဆုံးခြင်း ဟင်းလင်းပြင်ရေကန်၏ ကမ်းစပ်များတွင် သူမ မြင်ခဲ့ဖူးသည်။

ရေသူ၏မျက်ရည်များကို ရေသူပုလဲဟုခေါ်ဆိုကြပြီး ပိုင်လီမျိုးနွယ်မှာ ရေသူမျက်ရည် ဟုခေါ်သော ပင်လယ်လူမျိုးနွယ်စုတစ်ခု၏ အကိုင်းအခက်ဖြစ်သည်။ သူတို့က အများအားဖြင့် လမ်းပြမျက်ရည်များ ကျဆင်းခြင်း မရှိကြသော်လည်း သူတို့၏ဘဝအဆုံးတွင်၊ မဖြေရှင်းနိုင်သော နှလုံးသား၏ စွဲလမ်းမှုတို့ဖြင့် ထိုကဲ့သို့သော မျက်ရည်များ ဖြစ်ပေါ်လာလိမ့်မည်။ နောင်တရမှုများ အားကောင်းလေ၊ သူတို့၏ မျက်ရည်များတွင်ပါရှိသော စွမ်းအင်များ ကြီးမားလေပင်။

Baili Qiyu ၏ လက်ထဲတွင် ဆုပ်ကိုင်ထားသည့် မျက်ရည်နှစ်စက်မှာ Long Feiye ရဲ့ လက်ထက် အဆများစွာ ပို၍ ကြီးမားလေသည်။ ဆိုလိုသည်မှာ Baili Yuanlong နှင့် Baili Lixiang တို့နှစ်ဦးစလုံးမှာ မသေဆုံးမီ ကြီးမားသော နောင်တရမှုများနှင့် စွဲလမ်းမှုများ ရှိခဲ့ကြသည်။ Han  Yunxi မှာ စိတ်ဆင်းရဲနေပြီဖြစ်သော်လည်း ထိုအရာများကို မြင်လိုက်ရခြင်းက သူမကို ပိုဆိုးသွားစေခဲ့သည်။ သူမ Long Feiye ဘက်သို့ ကြည့်လိုက်ရာ သူ၏အမူအရာမှာ မပြောင်းလဲသေးသည်ကို တွေ့လိုက်ရသည်။ ထိုအမျိုးသားမှာ သူမ တွေးထားသကဲ့သို့ ပျော့ညံ့ခြင်း မရှိသူဖြစ်နိုင်သည်။ မဟုတ်လျှင် ပိုင်လီအိမ်တော်သို့ ခြေတစ်လှမ်းမချပဲ ဤရက်အနည်းငယ်အတွင်း သူက ဘယ်လိုနေနိုင်မည်လဲ။

“အရှင်မင်းမြတ်၊ ဒါက ကျွန်တော့်ရဲ့ အဖေနဲ့ အစ်မက ထားရစ်ခဲ့တာပါ။ အရှင်မင်းမြတ်က ဒါတွေကို လက်ခံပေးပါ။ ဧကရာဇ် လိုအပ်တဲ့အခါတိုင်း၊ ကျွန်တော်တို့ ပိုင်လီမျိုးနွယ်က ဆင့်ခေါ်တာကို ဖြေကြားပါ့မယ်။” Baili Qiyu မှာ ရိုးသားစွာ ပြောလိုက်သည်။

Long Feiye မှာ မျက်ရည်များကို ချက်ချင်းလက်ခံလိုက်မည်ဟု Han Yunxi မှာ ယူဆခဲ့သော်လည်း သူ မလှုပ်ခဲ့ပေ။ မကြာမီတွင် Baili Mingxiang မှာ လျှောက်လာကာမျက်ရည်များထဲမှ တစ်စက်ကို ယူ၍ Han Yunxi  ထံ ကိုယ်တိုင်ကိုယ်ကျ ပေးအပ်လိုက်သည်။ “လေးစားရတဲ့ ဧကရီ၊ ကျေးဇူးပြုပြီး ဒီပစ္စည်းကို လက်ခံပေးပါ။ ကျွန်မတို့ရဲ့ ပိုင်လီမျိုးနွယ်က မဟာချင်ရဲ့ တော်ဝင်မိသားစုအပေါ် အမြဲသစ္စာရှိပါမယ်။ တော်ဝင်မျိုးနွယ်က လိုအပ်သရွေ့ ပိုင်လီမျိုးနွယ်က ခေါ်ယူတာကို ဖြေကြားပါ့မယ်။”

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now