အခန်း(၁၃၁၆)

105 16 0
                                    

အခန်း(၁၃၁၆)

အဆိပ်ရှိတယ်။







Ji Yifeng !!

Qin Min မှာ Qin Jie မှ ဤသို့ ဟောင်းနွမ်းကာ ပုပ်ပွနေသည့် ကိစ္စကို အစဆွဲထုတ်လာရန် ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။

Ji Yifeng က ဘယ်သူလဲ။ ကျိမျိူးနွယ်၏ အကြီးဆုံးသားဖြစ်ပြီး ၎င်း၏တစ်ဦးတည်းသောအမွေခံဖြစ်သည်။ ကျီမိသားစုမှာ ချင် သို့မဟုတ် ရမ်လောက် အင်အားကောင်းခြင်း မရှိသော်လည်း လျှော့တွက်၍တော့ မရနိုင်ပေ။ အဖေမှ ကျိနှင့် မင်္ဂလာပြုရန် နည်းလမ်းများစွာကို တွေးတောနေခဲ့သည်။ သူ၏ မူလအစီအစဉ်မှာ Qin Min ကို Ji Yifeng ဖြင့် တွဲပေးရန်ဖြစ်ပြီး သူမ၏ ခြေထောက်များ အသုံးမဝင်တော့သည့် အချိန်တွင် Ji Yifeng မှာ ညီမ Qin Jie ကို လက်ထပ်ခဲ့သည်။

ကျိကလေးများမှာ ချင်မျိုးနွယ်သို့ မကြာခဏ လာရောက်ကစားကာ စနောက်နေတတ်ကြ သော်လည်း အားလုံးမှာ အတိတ်ပင်။ အကယ်၍ Qin Jie သာ မပြောခဲ့လျှင် Ji Yifeng ကို လက်ထပ်ချင်သည်ဟု တစ်ချိန်က ပြောခဲ့ဖူးကြောင်း Qin Min မှာ မေ့နေပေလိမ့်မည် ။ Qin Jie က ဒါကို မှတ်မိနေတာလား။ သူမ အခုဘာလို့ အစဆွဲထုတ်နေတာလဲ။

"မှတ်မိတယ်။" Qin Min မှာ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ "ရမ်မျိုးနွယ်ရဲ့ သခင်လေးနဲ့ Gu Qishao ကိုတောင် လက်ထပ်မယ်လို့လည်း ပြောခဲ့သေးတယ်။ မင်း မှတ်မိသေးလား။"

"ဟားဟား၊ ဘယ်လိုဖြစ်လို့လဲ ငါက မမှတ်မိတော့ဘူး။" Qin Jie မှာ  လေးနက်သည်လား နောက်ပြောင်သည်လား ရှင်းရှင်းလင်းလင်း မသိသော်နိုင်လည်း ရယ်မောလာသည်။

"ဒါက မင်းရဲ့မှတ်ဉာဏ်မကောင်းလို့ပဲ။" Qin Min မှာ စနောက်ရင်း သတိထားနေသည်။ Qin Jie တွင် မကောင်းသော ရည်ရွယ်ချက်များ ရှိနေကြောင်း သူမ ခံစားနေရသည်။ ထိုအချိန်တွင် Shaoyao မှာလက်ဖက်ရည်နှစ်ခွက်နှင့် ရောက်လာပြီး Qin Jie မှာ ၎င်းတို့ကို ယူရန် အလျင်စလို သွားရောက်လိုက်သည်။

"အိုက်ယား.. မြန်မြန်ထိုင်ပါ၊ ဒုတိယ သခင်မလေး၊ ဒီအစေခံက ဒါကို ဂရုစိုက်နိုင်ပါတယ်။" Shaoyao မှာ အလျင်စလိုပြောလိုက်သည်။

Qin Jie မှာ Qin Min ထံ တစ်ခွက် ကိုယ်တိုင် ကမ်းပေးလာသည်။ " သင်တန်းကျောင်း သခင်မ အတွက် လက်ဖက်ရည် ဧည့်ခံပြီး ရေငှဲ့ပေးဖို့ လူတိုင်းမှာ အခွင့်အရေး မရှိဘူး။ Shaoyao ၊ မင်းက ထွက်သွားသင့်တယ်။ ငါတစ်ယောက်တည်း လုပ်ကိုင်ပေးနိုင်တယ်။ "

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Where stories live. Discover now