အခန်း(၁၂၃၄)

148 20 0
                                    

အခန်း(၁၂၃၄)

အနိုင်ကျင့်ခြင်း။







"Le Le… " Le Zheng မှာ ဒေါသထွက်လာတော့သည်။ ဒီသမီးက တစ်နေ့လုံး တွဲသွားတွဲလာ လုပ်နေတဲ့ ယောက်ျားတွေရဲ့ ဟာသတွေကို ကျင့်သားရ နေပြီလား။ သူမဘာကြောင့် မရှက်တတ်တာလဲ။ 

Le Le မှာ  ကြောက်ရွံ့မှု သို့မဟုတ် ဒေါသကို မပြဘဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “အဖေ၊ ကျွန်မ အခု  မနှောင့်ယှက်တော့ဘူး။ မီးပန်း ဖောက်ဖို့ သွားလိုက်ဦးမယ်။"

ယခုအချိန်တွင် Ning Cheng မှာ Shaoqiu ကို လုံးလုံးလျားလျား မူးသွားစေနေပြီဖြစ်သည်။ သူက ငုံ့ကာ သူမ၏ အဝတ်အစားများကို ဆွဲဖွင့်ရန် ပြင်ဆင်လိုက်စဥ် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။ သူက ထလာကာ၊  Shaoqiu ၏အဝတ်အစားများကို စုတ်ဖြဲရန် ဓားချီ  ကိုအသုံးပြုပြီး  တစ်ချက်မျှမကြည့်ပဲ သူမအပေါ်သို့ စောင်များပစ်တင်လိုက်သည်။ထို့နောက် ကုတင်ပေါ်တွင် လှဲကာ မျက်လုံးမှိတ်၍ အိပ်နေလိုက်သည်။

သို့ရာတွင် မကြာခင် အပြင်မှ မီးရှူးမီးပန်းများမှာ သူ့ကို နိုးလာစေသည်။ ၎င်းတို့၏ တဖျပ်ဖျပ်လက်နေသည့် မီးတောက်များကို ကြည့်ကာ နက်ရှိုင်းသော အတွေးများထဲသို့ ကျရောက်သွားသည်။ Le Zheng မှာ သူ့ကို စုံစမ်းစစ်ဆေးရန် ဤမျှ ဝေးဝေးသွားမည် မဟုတ်သဖြင့် ဤ Shaoqiu ကို အကြီးဆုံး သခင်မလေး Le Le မှ စေလွှတ်ခဲ့ခြင်း ဖြစ်နိုင်သည်။ ဦးလေးGong မှာ ဆုံးပါးသွားပြီဖြစ်သော်လည်း သူက အသက်ရှိနေချိန်တွင် လုပ်ငန်းကြီးများကို တာဝန်ယူခဲ့သည့် Le Zheng မှသာ သူ၏ စာရင်းအသေးစိတ် အချက်အလက် အပြည့်အစုံကို သိနိုင်သည်။

အကယ်၍ Jin Zi ၏ ဇစ်မြစ်မှာ ရှုပ်ထွေးသောကိစ္စတစ်ခုဖြစ်ခဲ့လျှင် Le Zheng မှာ သေချာပေါက်မှတ်မိနေလိမ့်မည် ။ ထိုလူ၏ယုံကြည်မှုကို အပြည့်အဝမရမချင်း Ning Cheng မှာ မြက်ခင်းပြင်၌ မြွေကို ထိတ်လန့်စေရန် စိတ်ကူး မရှိပေ။ နောင်လာမည့်နေ့ရက်များမှာ  Shaoqiu နှင့် သူမ၏သခင် Lele တို့ ပတ်လည်တွင် လည်ပတ်နေတော့မည်ကို သူက သိနေသည်။ 

နှစ်သစ်ကူးညတွင် သူက ရုတ်တရက် Jin Zi အကြောင်း တွေးမိသည်။ အကယ်၍ ထိုအေးစက်သော အမျိုးသားမှာ သူက ယခု ဤနေရာတွင် သူ့အတွက် ဘာလုပ်ပေးနေသည်လဲ သိလျှင် စိတ်လှုပ်ရှားမည်လား။ အမှန်တော့ ဝိုင်အတွက်မဟုတ်လျှင် သူက ဤမျှ ကြာမြင့်စွာ နေမည်မဟုတ်ပေ။ 

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Hikayelerin yaşadığı yer. Şimdi keşfedin