အခန်း(၁၂၆၆)

118 20 0
                                    

အခန်း(၁၂၆၆)

အမှန်တရား။



လက်ဖက်ရည်အိမ်ထဲတွင် လူကြီးများအားလုံးမှာ ရူအာကို တင်းမာစွာ ကြည့်နေကြကာ အလွန်အမင်း တိတ်ဆိတ်နေသည်။ သူက အစပိုင်းတွင် မဝံ့မရဲဖြစ်နေသော်လည်း Han Chen နှင့် နီးကပ်သွားသည်နှင့်အမျှ ရဲရင့်လာသည်။ နီရဲနေသော သူ၏ မျက်လုံးများတွင် ကြောက်ရွံ့မှုအစား စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်လာသည်။

ဒီကလေးရဲ့ စိတ်အပြောင်းအလဲက ဒီလောက် မြန်တာလား။ သူ၏ အမေအနေဖြင့် Han  Yunxi မှာ မယုံကြည်နိုင်ဖြစ်နေလေသည်။ နောက်ဆုံး ရူအာမှာ Han Chen ၏ ရှေ့တွင် ရပ်လိုက်သောအခါ သူမနှင့် ကျန်သူများမှာ သူတို့၏နှလုံးသားများ တုန်ယင်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူက ဘာတွေတွေးနေလဲ သို့မဟုတ် ဘာလုပ်ဖို့ စိတ်ကူးနေလဲ သူတို့ မခန့်မှန်းနိုင်ကြချေ။

အေးဆေးတည်ငြိမ်သည့် Han Chen အတွက်လည်း သူ၏ အမူအရာမှ စူးစမ်းချင်စိတ်ကို ပြသနေသည်။ သူက အလွန် အရပ်မြင့်မားပြီး သန်မာလွန်းသဖြင့် ရူအာ၏ ရှေ့တွင် တောင်ကြီးတစ်တောင် ကဲ့သို့ပင်။ ဒူးထောက်ထိုင်ချလိုက်ပြီး သူက ကလေးကို ဂရုတစိုက်လေ့လာပြီး ရုပ်ရည်အစား မိဘများ၏ အရှိန်အဝါဖြင့် အလွန်တူသည်ဟု ခံစားမိလိုက်သည်။

ရူအာလေးမှာ Han Chen အပေါ် ကြောက်ရွံ့မှုအားလုံး အမှန်တကယ် ပျောက်ဆုံးသွားပြီပင်။ သူက ထိုလူ၏ စိစစ်မှုကို ရှက်ကြောက်နေခြင်း မရှိတော့ပဲ ခေါင်းမော့ကာ မျက်လုံးများသို့ ပြန်ကြည့်လိုက်သည်။ Han Chen မှာ ဤသို့သော ကိစ္စအတွက် နေသားမကျပဲ မသိစိတ်မှ နောက်ဆုတ်သွားလိုက်သည်။ ရူအာမှာ သူ၏ နောက်ကို လိုက်သွားပြီး အကြည့်များမှာ ထိုလူကို ထွင်းဖောက်မြင်လိုသကဲ့သို့ အလွန်အမင်း လေးနက်နေသည်။

Han  Yunxi နှင့် ကျန်သူများမှာ ယခုတွင်တော့ ပို၍ပင် နားမလည်နိုင်တော့ပဲ အံ့အားသင့်လာကြတော့သည်။ ရူအာက……. ဘာဖြစ်နေတာလဲ။

" ကောင်ငယ်လေး၊ မင်းငါ့ကို မကြောက်တော့ဘူး မဟုတ်လား။" Han Chen မှာ အေးစက်စွာမေးလိုက်သည်။

ရူအာမှာ ပထမ ဘယ်ဘက်မှ၊ ထို့နောက် ညာဘက်မှ ထိုလူ၏ ပတ်ပတ်လည်သို့ လှည့်ကြည့်လိုက်သည်။ သူက တစ်စုံတစ်ရာကို ရှာတွေ့ခဲ့ဟန်တူသည်။ နောက်ထပ် အပတ်အနည်းငယ်ပြီးနောက်၊ သူက နီးကပ်လာပြီး အနံ့ ရှူရှိုက်ရန် သွားလိုက်သည်။ ထိုအပြုအမူမှာ လူကြီးများအတွက် အသေးလေးကို သတိရစေသည်။ လက်ရှိတွင်၊ သတ္တဝါလေးမှာ ဆေးဝါးမြို့တော်၌ ရက်အနည်းငယ်ငှားရမ်းလိုသော Mu Linger နှင့် အတူရှိနေသည်။ အကယ်၍ ဤမြင်ကွင်းကို မြင်ရရန် သူက ဤနေရာ၌ ရှိနေလျှင် မည်ကဲ့သို့ ထင်မည်ကို မည်သူသိမည်လဲ။

အဆိပ်ပါရမီရှင် ကြင်ယာတော် book 7Där berättelser lever. Upptäck nu